သင်္ကြန်ကာလများတွင် လာရောက်လည်ပတ်သူဦးရေ နေ့စဉ်သိန်းချီလေ့ရှိသော အမရပူရမြို့နယ်ရှိ
ဦးပိန်တံတား၏ ကြံ့ခိုင်မှုအားနည်းသောအပိုင်းများကို သင်္ကြန်မတိုင်မီ ပြီးစီးအောင်ပြင်ဆင်နေ
ကြောင်း တောင်သမန်အင်း ဦးပိန်တံတားအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူ းဦးစိုးဝင်းက
ပြောသည်။
ပြီးခဲ့သော မတ် ၁၈ ရက်မှစတင်ကာ ပြုပြင်မှုများလုပ်ဆောင်နေပြီး ကြ့ံခိုင်မှုနည်းသောတိုင်လုံး
များနှင့်ကြမ်းခင်းများကို လဲလှယ်သွားမည်ဖြစ်ကာ အဖွဲ့မှ ကျပ်သိန်း ၄ဝ အသုံးပြု သွားမည်ဖြစ်
ကြောင်း ဦးစိုးဝင်းက ဆိုသည်။
''အင်းဝနဲ့အမရပူရမြို့က ပြုပြင်ရေးအဖွဲ့တွေနဲ့ တံတားရဲ့ကြံ့ခိုင်မှုနည်းတဲ့အပိုင်းတွေကိုသင်္ကြန်အမီ
ပြုပြင်နေပါတယ်။ လောလောဆယ် တိုင်အလုံးရေ ၃၅ တိုင်လောက် ပြုပြင်သွားမယ် မှန်းပါတယ်။
အရင်ပြုပြင်စဉ်က ဖယ်ထားတဲ့တိုင်လုံးတွေထဲက ကောင်းတဲ့အပိုင်းတွေနဲ့ ပြန်ဆက်ပြီး ရှေးမူ
မပျက်အောင်လုပ်သွားပါမယ်''ဟု ဦးစိုးဝင်းက ယခုလ ၂ဝ ရက်တွင် ပြောသည်။
တံတားတစ်လျှောက်၌ အရှေ့ဘက်ကမ်းနှင့် အလယ်ပိုင်းနေရာများတွင် ကြံ့ခိုင်မှုအားနည်းနေဆဲ
ဖြစ်ကြောင်း၊ သင်္ကြန်ကာလများတွင် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ လူဦးရေသိန်းချီလာ
ရောက်လည်ပတ်ကြလေ့ရှိကာ အပျော်လွန်သူများက တံတားကိုလှုပ်ရမ်းကာ စနောက်ခြင်းများရှိ
ကြောင်းပြောသည်။
''လက်ရှိမှာကို ဧည့်သည်က နေ့စဉ်သောင်းချီလာနေပါတယ်။ သင်္ကြန်တွင်းမှာ ပတ်ဝန်းကျင်
အနှောင့်အယှက်ဖြစ်လောက်အောင် တံတားပေါ်မှာ စကြ နောက်ကြတာမျိုးကို လုံခြံုရေးတွေနဲ့
ထိန်းပါတယ်။ အရင်က သင်္ကြန်တွင်းမှာ တံတားပေါ်က ပြုတ်ကျတာတွေရှိပေမဲ့ အခုနောက်ပိုင်း
မှာ ဖြစ်တာနည်းတယ်၊ မနှစ်ကလည်း မဖြစ်ပါဘူး''ဟု ဦးစိုးဝင်းက ပြောသည်။
ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ တွင် မြို့စာရေးဦးပိန်မှ ဆောက်လုပ်ခဲ့ကာ တိုင်လုံးရေ
၁,ဝ၈၆ လုံး၊ ဇရပ်လေးဆောင်ပါဝင်ခဲ့ပြီး အရှည် ရ ဒသမ ၈ ဖာလုံရှိသည်။ ၂ဝဝ၄ ခုနှစ်က
အင်းရေမြင့်တက်မှုကြောင့် တံတားနစ်မြုပ်ခဲ့ကာ တိုင်လုံးအချို့ မျောပါခဲ့ရပြီး၊ ပြီးခဲ့သော ၂ဝ၁၆
ခုနှစ်၊ သြဂုတ်လတွင်လည်း တံတားမြုပ်သည်အထိ ရေတက်ခဲ့သဖြင့် တံတားပေါ်တက်လည်ပတ်
ခွင့်ကို ယာယီပိတ်ခဲ့ရသည်။
















