ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ဆောင်ရန် ဘုရင့်အနွယ်တော်များပါဝင်သည့် လူမှုအဖွဲ့များ ဖွဲ့စည်းမည်

ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးလုပ်ဆောင်ရန် ဘုရင့်အနွယ်တော်များပါဝင်သည့် လူမှုအဖွဲ့များ ဖွဲ့စည်းမည်

မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းခြင်းများ လုပ်ဆောင်နိုင်ရန်
အတွက် ဘုရင့်အနွယ်တော်များပါဝင်သည့် ဒေသအလိုက်လူမှုအဖွဲ့့ (Region Royal
Society) များကို နေရာအနှံ့အပြားတွင် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါ
မင်းမြစ်တော်ဖြစ်သည့် ဦးစိုးဝင်းက ယခုလ ၂ဝ ရက်က ပြောသည်။

''သမိုင်းဆိုင်ရာအမွေအနှစ်ဆိုတာ ဘယ်လိုမှတန်ဖိုးဖြတ်လို့မရဘူး။ သမိုင်းဆိုင်ရာတွေကို
လက်ရှိလူငယ်တွေ သိထားသင့်တယ်။ အခုဆိုရင် သမိုင်းဆိုတဲ့ဘာသာရပ်ကိုတောင် စိတ်
ဝင်စားမှုက နည်းပါးနေပြီ။ ဒါကြောင့် သမိုင်းဆိုင်ရာအမွေအနှစ်တွေကို ဖော်ထုတ်ဖို့၊ ထိန်း
သိမ်းဖို့အတွက် အခုလို ဒေသအလိုက်ဖွဲ့စည်းဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ သမိုင်းအမွေ
အနှစ်တွေကိုသိထားမှလည်း ရှေ့ဆက်ပြီးလုပ်မယ့်လုပ်ငန်းတွေမှာ ပိုပြီးထိရောက်မှာဖြစ်
တယ်''ဟု ဦးစိုးဝင်းက ပြောသည်။

ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းခြင်းလုပ်ဆောင်မည့် ဒေသအလိုက်လူမှုအဖွဲ့့ 
(Region Royal Society) ကို ပထမဦးဆုံးအဖြစ် သီပေါမင်း၏ စတုတ္ထသမီးတော် အသျှင်
ထိပ်စုမြတ်ဘုရားလေး နတ်ရွာစံတော်မူခဲ့သည့် မော်လမြိုင်မြို့တွင် ယခုလပထမပတ်
အတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး ရွှေဘိုမြို့တွင်လည်း ဆက်လက်ဖွဲ့စည်းနိုင်ရန်ဆောင်ရွက်နေ
ကြောင်း ၄င်းက ပြောသည်။

''Royal Society အဖွဲ့တွေကို နေရာအနှံ့မှာ ဆက်လက်ဖွဲ့စည်းမယ်။ ပြီးရင် ဒီအဖွဲ့တွေရဲ့
ဌာနချုပ်ကို မန္တလေးမြို့မှာထားဖို့ စီစဉ်ထားတယ်။ ဒီအဖွဲ့တွေမှာ ဘုရင့်အမျိုးအနွယ်တွေ
အပြင် တတ်သိပညာရှင်တွေ၊ သက်ဆိုင်ရာဒေသက ဒေသခံတွေပါ ပါဝင်မှာဖြစ်တယ်။
ဒီအဖွဲ့ကို နိုင်ငံတော်အဆင့်ထိရောက်နိုင်အောင်ထိ ဖွဲ့စည်းမယ်။ လက်ရှိအချိန်မှတော့
ကုန်းဘောင်မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းဆိုင်ရာတွေကို လုပ်ဆောင်သွားမယ်။
ပြီးရင်တော့ ပင်းယ၊ အင်းဝ၊ ဟံသာဝတီ စတဲ့ ခေတ်အဆက်ဆက်ကိုပါ လိုက်ပြီး အဲဒီ
ခေတ်က သမိုင်းဆိုင်ရာတွေကို ဖော်ထုတ်တာမျိုး တွေပါ လုပ်မှာဖြစ်တယ်''ဟု ဦးစိုးဝင်းက
ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဒေသ
အလိုက် လူမှုအဖွဲ့များအနေဖြင့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်
ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး