မန္တလေးမြို့ ၆၂ လမ်းပေါ်ရှိ မနော်ရမ္မံဥယျာဉ်ရှေ့တွင် လူငယ်များနှင့်ကိုက်ညီသော အစီအစဉ်များ
ထည့်သွင်းပြီး သင်္ကြန်ပွဲကို ပုံဖော်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီဝင်ဦးရဲမြတ်သူက ပြောသည်။
သင်္ကြန်တွင် အစည်ကားဆုံးဖြစ်လေ့ရှိသော ကျုံးပတ်လည်ရှိလမ်းများတွင် လမ်းလျှောက်သင်္ကြန်
နှင့်ရေကစားမဏ္ဍပ်များကို စီစဉ်နေရာချသွားမည့်နည်းတူ မနော်ရမ္မံဥယျာဉ်ရှေ့တွင် လူငယ်များ
ပျော်ရွှင်နိုင်သော နောက်ထပ်နေရာတစ်ခုအဖြစ် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
''မနော်ရမ္မံဥယျာဉ်ဘက်မှာရှိတဲ့ စက်ရေတွင်းနှစ်တွင်းကနေ ရေရရှိရေးအတွက် စီစဉ်ကြည့်ရမှာပါ။
ဒီဘက်မှာ ရေကစားနိုင်မယ့်အပြင် တီးဝိုင်းတွေ၊ စျေးဆိုင်တွေလည်းပါဖို့ စီစဉ်သွားမယ်။ ဒီအစီ
အစဉ်တွေလုပ်ကိုင်ဖို့ အဖွဲ့တစ်ခုခုကို တာဝန်ပေးပြီး စည်ပင်သာယာက ကွပ်ကဲမှုပဲလုပ်သွားမယ်''
ဟု ဦးရဲမြတ်သူက ယခုလ ၁၆ ရက်တွင် ပြောသည်။
ကျုံးပတ်လည်တွင် အရှေ့ဘက် ၆၆ လမ်း၊ အနောက်ဘက် လမ်း ၈ဝ နှင့် မြောက်ဘက် ၁၂ လမ်း
တို့တွင် လမ်းတစ်ဖက်လျှင် ရေကစားမဏ္ဍပ်ရှစ်ခုစီကို လေလံပစ်ချထားပေးသွားမည်ဖြစ်ကာ၊ မြို့
တွင်းအခြားနေရာများတွင် မဏ္ဍပ်ဆောက်လုပ်လိုပါက ကန့်သတ်ချက်မထားပဲ ချပေးသွားမည်ဖြစ်
ကြောင်း ပြောသည်။
''မနော်ရမ္မံလူငယ်ဆန်တဲ့ သင်္ကြန်ဧရိယာမှာ လူငယ်ကြိုက်တီးဝိုင်းတွေ၊ အဆိုတော်တွေ၊ ရေကစား
မဏ္ဍပ်တွေကို ကုမ္ပဏီကြီးတချို့က စပွန်ဆာတွေနဲ့ ဖော်ဆောင်ပေးသွားမယ်''ဟု စည်ပင်သာယာ
ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
















