မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများ အစားအသောက် ဘေးအန္တရာယ်ကင်း
ရှင်းရေးနှင့် သန့်ရှင်းသောအစားအသောက်များ စားသုံးနိုင်ရေးအတွက် ဆေးဝါးကွပ်ကဲရေးဦးစီး
ဌာန (မန္တလေး)ဌာနခွဲရှိ ရွေ့လျားဓာတ်ခွဲ စမ်းသပ်မော်တော်ယာဉ်ဖြင့် စျေးများကို ရှောင်တခင်စစ်
ဆေးသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး)ဌာနခွဲမှ
တာဝန်ရှိသူက ပြောသည်။
''မန္တလေးမြို့မှာကတော့ ခွင့်မပြုဆိုးဆေးနဲ့ပတ်သက်ပြီး အမြဲလိုလိုစစ်ဆေးမှုတွေလုပ်နေကြတဲ့
အတွက် ဟိုးအရင်ကထက်စာရင်တော့ ခွင့်မပြုဆိုးဆေးတွေ့ရှိမှုက အရမ်းနည်းလာတယ်။
ဒါကြောင့်မို့ စျေးကွက်စီးပွားရေးစနစ်အရ မန္တလေးမြို့ကို တိုက်ရိုက်မဖြန့်တော့ပဲနဲ့ အခြားမြို့တွေကို
သွားဖြန့်တယ်။ ဒီလို လုပ်လာတာတွေရှိနေတဲ့အတွက် အခုဆိုရင် အခြားမြို့ကြီးတွေရဲ့ အဓိက
စျေးတွေကိုပါ လိုက်လံစစ်ဆေးမှုတွေ လုပ်လာရတာပါ။ အခြားမြို့တွေကို သွားစစ်ဆေးတဲ့အခါမှာ
ဆိုရင်လည်း ရှောင်တခင်အနေနဲ့ သွားရောက်စစ်ဆေးမှုတွေ လုပ်ရပါတယ်''ဟု အစားအသောက်
နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူ း ဒေါက်တာကျော်
ကျော်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ရှိစျေးမှ နမူနာကုန်ပစ္စည်း ၂ဝ မျိုးကို ကောက်ယူပြီးစစ်ဆေး
ခဲ့ရာ ခွင့်မပြုဆိုးဆေး ပါဝင်သုံးစွဲထားသည့် လက်ဖက်သုံးမျိုးနှင့် ငါးပိနှစ်မျိုးတို့ကို စစ်ဆေးတွေ့ရှိခဲ့
ကြောင်း၊ ညောင်ဦးမြို့ရှိစျေးမှ နမူနာကုန်ပစ္စည်း ၁၈ မျိုးကို ကောက်ယူစစ်ဆေးခဲ့ရာ ငါးပိငါးမျိုးတွင် ခွင့်မပြုဆိုးဆေးများတွေ့ရှိခဲ့ကြောင်း ၄င်းက ဆိုသည်။
ရွေ့လျားဓာတ်ခွဲ စမ်းသပ်မော်တော်ယာဉ်မှာ ဆိုးဆေးနှင့်ဆက်စပ်နေသည်များကို ၁၅ မိနစ်အချိန်
အတွင်း တိကျကောင်းမွန်သည့်အဖြေမှန်ကို ထုတ်ပေးနိုင်သည့် စနစ်များပါဝင်ကြောင်း အဆိုပါ
ဌာနမှသိရသည်။ ယခုလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စျေးကြီးများကိုလည်း ရှောင်
တခင်စစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဟု ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။
















