ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပ ဉ္စမအကြိမ်ပုံမှန်အစည်းအဝေးကို ယခုလ
၂၉ ရက်တွင် ပြန်လည်စတင်ကျင်းပမည်ဖြစ်သည်။
ပြည်သူလူထု၏ လိုအပ်ချက်များကို မေးမြန်းရန်အတွက်လည်း မေးခွန်းများ၊ အဆိုများ တင်သွင်း
မေးမြန်းနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
''ကျွန်တော်ကတော့ မေးခွန်းနှစ်ခုမေးထားတယ်။ တစ်ခုက မန္တလေးမှာဖြစ်နေတဲ့ ဆိုင်ကယ်နဲ့လု
တာတွေ၊ ဓားထောက်ပြီးလုတာတွေကို လျော့ပါးအောင်လို့ ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေနဲ့
ဘယ်လိုစီမံမလဲ၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ လုံခြံုရေးစနစ်လုပ်ဖို့ ရှိမရှိနဲ့ နောက်တစ်ခုက
မိန်းလမ်းကြီးတွေမှာ လမ်းမီးတိုင်မရှိဘူး။ လူသွားလူလာနည်းတဲ့ နေရာတွေမှာဆိုရင် အခွင့်
ကောင်းယူပြီး လုယက်တာတွေဖြစ်တယ်။ အဲဒါကြောင့် မန္တလေးတစ်မြို့လုံးမှာ လမ်းမီးတိုင်ထွန်း
ပေးနိုင်ခြင်းရှိမရှိကို မေးမြန်းသွားမယ်''ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်
ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။















