မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယခင်နှစ်က ဖမ်းဆီးရမိထားသည့် ထင်းတန် ၄၈၉
တန်မှာ ယခုလ ၁၃ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီး
ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ထင်းများမှာ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ်ကျေးရွာအုပ်စု၊ ဘန်းသာကျေးရွာ၏ အရှေ့ဘက်
ကွင်းအမှတ် (၇၄၅)၊ သုတေသနကာကွယ်တောအတွင်းနှင့် ပြင်ပတို့က တရားမဝင် သစ်ကြီးသား
ထင်းတန်ပေါင်းများစွာထုတ်ယူနေခြင်းကို ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်းက စစ်
တက္ကသိုလ်၊ တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ဒေသခံ အုပ်ချုပ်ရေးမှူ းတို့ ပူးပေါင်းကာ ဖမ်းဆီး
ရမိထားခြင်းဖြစ်သည်။
''အခုလို လောင်ကျွမ်းတာ သွေးရိုးသားရိုးလောင်တာ မဟုတ်ပါဘူး။ သေချာပေါက်သက်သက်မဲ့
ရှို့ခံရတာပါ။ ဖမ်းဆီးရမိခဲ့တဲ့ထင်းတွေ အကုန်လောင်သွားတယ်။ သစ်စက်အောက်က ဖမ်းဆီးရ
မိတဲ့ သစ်လုံးတွေတော့မပါဘူး။ ဒီလိုလုပ်တာက ဖမ်းဆီးရမိတဲ့ သက်သေခံပစ္စည်း ဖျောက်ဖျက်တဲ့
သဘောပေ့ါ။ မီးလောင်တဲ့နေရာမှာ တခြားဘယ်နေရာမှ လောင်တာ မတွေ့ရပါဘူး။ ရဲကိုလည်း
တိုင်ချက်ဖွင့်ဖို့ အသင့်ဖြစ်နေပါပြီ'' ဟု ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးမှူ းဦးမြင့်နိုင်ဦး
က ပြောသည်။
ထင်းများကို ဖမ်းဆီးရမိသည့်နေရာများတွင်သာထားခဲ့ကြပြီး တပ်မတော်သုတေသန ကာကွယ်
တောအတွင်း ဖမ်းဆီးရမိသည့်ထင်းများကို သုတေသနတပ်က ထိမ်းသိန်းထားခြင်းဖြစ်ပြီး ကျေး
ရွာများအနီး ဖမ်းဆီးရမိသည့်ထင်းများကို ကျေးရွာရာအိမ်မှူ းအချို့က ထိန်းသိမ်းထားခြင်းဖြစ်ရာ
မီးလောင်ကျွမ်းခံခဲ့ရသည့် ထင်းတန် ၄၈၉ တန်မှာ ထင်းပုံသုံးပုံဖြစ်ပြီး ထင်းတစ်ပုံနှင့်တစ်ပုံမှာ
တစ်မိုင်ကျော်ခန့် ကွာဝေးသော်လည်း တစ်ချိန်တည်းတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
''ဖမ်းမိတဲ့အချိန်ကနေစပြီး အခုဆိုရင် အချိန်ရှစ်လရှိနေပြီ။ ကျွန်တော့်ကို အပ်ထားခဲ့တာတန် ၁ဝဝ
ကျော်ကိုအပ်ခဲ့တယ်။ အချိန်ပြည့် အချိန်တိုင်းလည်း စောင့်ကြည့်မနေနိုင်ဘူး။ မီးရှို့ခံရတဲ့နေ့က
ရွာမှာအလှူ ရှိတော့ တစ်ရွာလုံးအလှူ ရာက်နေကြတာ။ ဒါကို အခွင့်အကောင်းယူပြီး မီးရှို့တယ်။
ဒီအမှုကျမှ အဲဒီလောက်ဘာလို့ကြာနေရတာလဲ''ဟု ဘန်းသာကျေးရွာ ရာအိမ်မှူ းဦးတင်ထွန်းက
ပြောသည်။
၂ဝ၁၆ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် သစ်ကြီးသား ထင်း ၃၂၈ တန်၊ သြဂုတ် ၂၆ ရက်တွင် ၁၆၁ တန်
ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သတင်းအရ ဆက်လက်ရှာဖွေဖမ်းဆီးရာ သစ်စက်အဟောင်း မြေ
အောက်တွင် ၁၁ တန်ရှိ သစ်လုံးများ တူးဖော်ဖမ်းဆီးရမိခဲ့၍ ပိုင်ရှင်ဆိုသူကို တပ်မတော်နှင့်
သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
၄င်းအမှုများကို အမှုဖွင့် အရေးယူထားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သော်လည်း မြို့နယ်တရား
ရုံး၌သက်သေထွက်ဆိုရာတွင် ဟိုလိပ်ကျေးရွာ ရာအိမ်မှူ းတစ်ဦးကိုသာ ထည့်သွင်းထားသည့်
အတွက် သက်သေများ ထပ်တိုးပေးရန် ခရိုင်တရားရုံးသို့ အုပ်ချုပ်ရေးမှူ းကိုယ်တိုင် လျှောက်ထား
တင်ပြခဲ့ရပြီး ခရိုင်တရားရုံးက ခွင့်ပြုဆောင်ရွက်ပေးခဲ့သည်မှာ အချိန်သုံးလကျော်ကြာခဲ့ပြီ ဖြစ်
သော်လည်း ယနေ့အချိန်အထိ တရားရုံးက သက်သေထွက်ဆိုရန် ခေါ်ယူအကြောင်းကြားမှုမရှိ
သေးကြောင်း ဟိုလိပ်ကျေးရွာအုပ်အုပ်စု၊ အုပ်ချုပ်ရေးမှူ းဦးထွန်းဝင်းက ဆိုသည်။
















