သီးနှံ ၁၅ မျိုးအတွက် ဂျီအေပီ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန်စီစဉ်

သီးနှံ ၁၅ မျိုးအတွက် ဂျီအေပီ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန်စီစဉ်

အာဆီယံနိုင်ငံများသို့ သီးနှံများ လွတ်လပ်စွာကုန်သွယ်မှုပြုလုပ်နိုင်ရန် မန္တလေးတိုင်းဒေသကြီး
အတွင်းစိုက်ပျိုးသော သီးနှံ ၁၅ မျိုးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (ဂျီအေပီ)
ကျင့်သုံးမှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်း
ဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

သီးနှံ ၁၅ မျိုးအတွက် ဂျီအေပီအသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် မူကြမ်းရေးဆွဲထားပြီးဖြစ်
ကာ ယင်းမူကြမ်းကို တောင်သူများနှင့် နှစ်ကြိမ်ဆွေးနွေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ လူထုတွေ့
ဆုံဆွေးနွေးမှုတစ်ကြိမ်ပြုလုပ်ပြီး ယင်းတို့၏သဘောထားမှတ်ချက်များအတိုင်း ပြင်ဆင်သင့်သည်
များကို ပြင်ဆင်ဖြည့်စွက်ကာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသ
ကြီးစိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူ းဦးကျင်မောင်က ယခုလ ၁၃ ရက်တွင် ပြောသည်။

''အခုလောလောဆယ်ကတော့ သရက်တစ်မျိုးတည်းကိုပဲ ဂျီအေပီအသိအမှတ်ပြုလက်မှတ်ထုတ်
ပေးနိုင်သေးတာပေါ့။ ဒါပေမဲ့ အခုတခြားသီးနှံ ၁၅ မျိုးအတွက် ပေးဖို့ရှိပါတယ်။ သတ်မှတ်ထားတဲ့ မူကြမ်းကိုလည်း ရေးဆွဲထားပါတယ်။ တောင်သူတွေနဲ့ ဆက်လက်တွေ့ဆုံပြီးတော့ ပြင်ဆင်သင့်
တာတွေပြင်ဆင်ပြီး ထုတ်ပေးသွားမှာပါ။ ကျွန်တော်တို့က ဂျီအေပီလက်မှတ် လျှောက်ထားလာသူ
တွေကို အဲဒီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိမရှိ လိုက်စစ်ဆေးပါတယ်။ ကိုက်ညီတယ်ဆိုရင်တော့ လက်
မှတ်ထုတ်ပေးပါတယ်'' ဟု ဦးကျင်မောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၌ သရက်သီးနှင့်ပတ်သက်ပြီး ဂျီအေပီအသိအမှတ်ပြုလက်မှတ်ကို ယခင်
နှစ်က တောင်သူလေးဦးကို ထုတ်ပေးထားပြီးဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၇ ဦးကို
ထုတ်ပေးထားသည်။ အခြားသီးနှံများဖြစ်သော ကျွဲကော၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်သီး၊ ခရမ်း
ချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲသီးနှံ၊ စပါးသီးနှံ၊
ကော်ဖီစသည့်သီးနှံများအတွက် ဂျီအေပီလက်မှတ်ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဂျီအေပီစနစ်ဖြင့် စတင်စိုက်ပျိုးလိုသော ဌာန၊ ပိုင်ရှင်၊ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကတောင်သူများ၊
ကုမ္ပဏီများသည် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်လွှာတင်ရမည်ဖြစ်ပြီး စိုက်ကွင်းတွင် မြေပုံထား
ရှိရမည်ဖြစ်သည်။

''ဂျီအေပီလုပ်မယ့်ခြံတွေက အဓိကတော့ သီးနှံအရည်အသွေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
အခြေအနေတွေ၊ ခြံလုပ်သားတွေရဲ့ ကျန်းမာရေး၊ နောက်တစ်ချက်က သီးနှံလုံခြံု ရေးကို
ဦးတည်လုပ်ပေးပါတယ်။ ဒီလိုခြံတွေကနေ ထွက်တဲ့သီးနှံတွေကို ကိုယ့်ပြည်တွင်းက စားသုံးရင်
လည်းအန္တရာယ်ကင်းတာပေါ့။ နောက် အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင့်ရထားတဲ့အတွက်
ဒီလိုအသိအမှတ်ပြုလက်မှတ်တွေ ရှိထားမယ်ဆိုရင် ကိုယ့်သီးနှံတွေ စျေးကောင်းကောင်းနဲ့ ကုန်
သွယ်နိုင်ပါတယ်။ ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။ အဲဒါကြောင့် ဂျီအေပီကို
အလေးထား ဆောင်ရွက်နေပါတယ်''ဟု ဦးကျင်မောင်က ပြောသည်။

မြန်မာနိုင်ငံသည် ဖရဲ၊ သခွား တင်ပို့ရောင်းချရာ၌ အရှေ့တောင်အာရှနိုင်ငံများနှင့် အများဆုံး
ကုန်သွယ်မှုပြုလုပ်ထားပြီး အဓိကအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချထားခြင်းဖြစ်ကာ
အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချထားသည်။

''ဂျီအေပီလက်မှတ်က အစိုးရက ထုတ်ပေးတဲ့လက်မှတ်ရှိသလို ပြည်ပကနိုင်ငံပေါင်းစုံနဲ့ ဖွဲ့စည်း
ထားတဲ့ တတိယအဖွဲ့အစည်း တစ်ခုလိုကလည်း ထုတ်ပေးတာရှိတယ်။ အဲဒီလက်မှတ်ပါရင် သူက
ကြိုက်တဲ့နိုင်ငံကို သွားရောင်းလို့ရတယ်။ ဒါပေမဲ့ သက်တမ်းက သုံးလပဲရှိပါတယ်။ နောက်ကုန်ကျ
စရိတ်ကလည်း အရမ်းများတဲ့အတွက် တောင်သူတွေအတွက်ကတော့ တကယ်ကို အလှမ်းဝေးနေ
သေးပါတယ်။ တောင်သူတွေကို ဂျီအေပီအလေ့အထကောင်းတွေကို သိရှိအောင် ပိုမိုလုပ်ပေးသင့်
တယ်။ တကယ်ဂျီအေပီအတိုင်းသာလုပ်မယ်ဆိုရင် တောင်သူတွေ ဘယ်လိုမှ မလုပ်နိုင်ဘူး။ သူက
လုပ်ကိုင်ရတာ အရမ်းများတယ်။ စိုက်ပျိုးရေး နည်းပညာ အရမ်းအားနည်းသေးလို့ပါ''ဟု စစ်ကိုင်း
တိုင်းဒေသကြီး ဖရဲသခွားအစုအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသစ္စာက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး