မော်ဒယ််မြင့်ကားများ ဈေးမတက် သော်လည်း အရောင်းအဝယ်အေးနေ

မော်ဒယ််မြင့်ကားများ ဈေးမတက် သော်လည်း အရောင်းအဝယ်အေးနေ

မန္တလေးကားဈေးကွက်တွင် မော်ဒယ်မြင့်ကားများ ဈေးမတက်သော်လည်း အရောင်းအဝယ်
အေးလျက်ရှိကြောင်း ပြည်ကြီးမျက်ရှင် ကားဝင်းအတွင်းမှ ကားဝယ်ရောင်းသမားများက
ပြောသည်။

"မော်ဒယ်မြင့်ကားဈေးက ငြိမ်ပြီးတော့ အရောင်းအဝယ်အေးတယ်။မော်ဒယ်မြင့်ကားတွေက
ကျလို့လည်းမရတော့ဘူး၊ ဂျပန်မှာ လေလံဆွဲတာကို ဈေးပေးပြီးဆွဲရတော့ ကျဖို့မရှိဘူး" ဟု
ကားဝယ်ရောင်းလုပ်သူ ကိုဇော်ရှင်းက ပြောသည်။

မော်ဒယ်မြင့် ကားဈေးနှုန်းသည် ကျပ်သိန်း၂၁၀ မှ ၂၅၀ အတွင်းရှိပြီး၊ အပ်ကားဈေးနှုန်းသည်
လည်း ၈၅ သိန်းမှ ၉၀ အထိ ရှိကာ လေလံကားများသည် ၈၈ သိန်းနှင့် စက်မှုဇုန်ထုတ်
ဂျစ်ကားများ  သည် ၃၅ သိန်းရှိကြောင်း  ၎င်းက ပြောသည်။

"ဂျစ်ကားတွေကို ၃၅ သိန်းနဲ့ ယူတယ်။ ယူပြီးတော့ ကကသွင်းတယ်။ ကက သွင်းပြီး တက္ကစီ
ဆွဲတဲ့လူတွေကို ပြန် ရောင်းတယ်။ အဲဒီအချိန်မှာ ဈေးကကွာ သွားတယ်။

"အပ်ကားတွေက အပြောင်း အလဲများတဲ့အတွက် ၀ယ်ရတာကြောက်ရတယ်။ အခု'ဘ'
အက္ခရာ ၀ယ်ထား တဲ့သူတွေ လက်ထဲမှာကြာနေပြီ။   အပ်ကားတွေလည်း ရှားလာတယ်"
ဟု ကားဝယ်ရောင်းလုပ်သူ   ကိုအာသိန်းက ပြောသည်။

မော်ဒယ်မြင့်ကားများတွင် ပရာဒိုကား၊   ဆာ့ဖ်ကားများ အဝယ်လိုက်ပြီး၊အရောင်းအဝယ်
သမားများကမူ ဈေးသက်သာသည့် ကားများကိုသာ အဝယ်များကြောင်း  ၎င်းကပြောသည်။

"ပရာဒိုတို့၊ ဆာဖ့်ကားတို့တော့ အရောင်းအဝယ်ဖြစ်တယ်။ အရောင်းအဝယ်သမားတွေကျ
တော့လေလံကားတွေ၊ မာစတာဂျစ်တွေ၊ အပ်ကားတွေ အဝယ်များတယ်။ ရန်ကုန်ဈေးကွက်
အေးရင်   မန္တလေးဈေးကွက်လည်း အေးတယ်"ဟု ၎င်းက ပြောသည်။

"ကားဈေးကွက်က မန္တလေးနဲ့ ရန်ကုန် ကွာခြားမှုသိပ်မရှိပါဘူး။ ဒါပေမယ့် ကား ၀ယ်ရင်
မန္တလေးကားဈေးကွက်ကို လာ ထောက်တယ်။ မန္တလေးဈေးကွက် သိရင် ရန်ကုန်မှာပဲ
၀ယ်ကြတာများတယ်"ဟု ကိုဇော်ရှင်းက ပြောသည်။

ပြည်ကြီးမျက်ရှင် ကားဝင်းအတွင်းရှိ ကားဈေးကွက်မှာ အပ်ကားဈေးများကျနေပြီး၊ စလစ်
ဈေးများလည်း အေးနေကြောင်း၊ လက်ရှိအခြေအနေအရ ကားဈေးကွက်အတွင်း  လေလံ
ကားများ၊ အပ်ကားများ၊ စက်မှုဇုန်ထုတ် ဂျစ်ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး