မန္တလေးမြို့တွင် ဆိုင်ကယ် တက္ကစီ သမားတစ်ဦး သေနတ်မှန် သေဆုံး

မန္တလေးမြို့တွင် ဆိုင်ကယ် တက္ကစီ သမားတစ်ဦး သေနတ်မှန် သေဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်း၊ ရ၁ လမ်းနှင့် ရ၂ လမ်းကြားတွင်
ယမန်နေ့ နံနက် ရ နာရီခန့်က ဆိုင်ကယ်တက္ကစီသမားတစ်ဦး သေနတ်မှန် သေဆုံးခဲ့သည်။

အဆိုပါအမျိုးသားကို ကျန်စစ်သားလမ်းဘေးတွင် ဆိုင်ကယ်ဖြင့်လဲနေသည်ကို ဘေးပတ်ဝန်းကျင်ရှိ
လူများကတွေ့ရှိခဲ့ပြီး မဟာဟိတကာရီလူမှုကူညီရေးအသင်းကားဖြင့် မန္တလေးဆေးရုံကြီးသို့
ပို့ဆောင်ပေးခဲ့သည်။ ၄င်း၏ နဖူးအလယ် တည့်တည့်တွင် အပေါက်ဒဏ်ရာကို မသင်္ကာဖွယ်
တွေ့ရှိသဖြင့် ခွဲစိတ်စစ်ဆေးရာ ဦးခေါင်းအတွင်းမှ ကျည်ဆန်တစ်တောင့် တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက်မှ ကိုရဲဝင်း (၃၇ နှစ်)ဆိုသူဖြစ်ပြီး
ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးဖြစ်သည်။ အဆိုပါအမှုကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက
ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ကျည်ဆန်အမျိုးအစားနှင့် မည်သည့်
အတွက်ကြောင့် သေနတ်မှန် သေဆုံးကြောင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အဆိုပါ
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး