လှပတဲ့အတွေးထောင့်၊ အားကောင်းတဲ့စကားလုံး သုံးနှုန်းမှုတို့ကြောင့် ဖတ်ပြီးတဲ့အခါမှာလည်း
စိတ်ထဲမှာ ကျန်နေခဲ့ပြီး ဆက်တွေးမိစေမယ့်၊ စာဖတ်သူကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မယ့်၊
ကဗျာအနုပညာရဲ့ အငွေ့အသက်တွေကို ရောယှက်ခံစားရမယ့် ကဗျာဆရာ ရိုးဒီရဲ့ စကားပြေ
စုစည်းမှု စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ မဂ္ဂဇင်းတွေထဲမှာ ဖော် ပြပြီးဖြစ်တဲ့ စကားပြေတွေနဲ့အတူ မဖော်ပြရသေးတာ
တွေလည်း ပါ၀င်ထားပြီး စုစုပေါင်း ၁၅ ပုဒ်ကို ခံစားဖတ်ရှုကြရမှာပါ။
ဒီအထဲမှာ ၀တ္ထုတိုလို့ ယူဆနိုင်စရာ တချို့၊ အက်ဆေးလို့ ယူဆနိုင်စရာတချို့ နဲ့၊ စကက်ချ်လို့
ယူဆနိုင်စရာတချို့ ရောနှောပါ၀င်နေလို့ သူ (ရိုးဒီ) ပေးထားတဲ့ စကားပြေဟူသော အမည်က
ပို၍ လိုက်ဖက်နေကြောင်း၊ အခုခေတ်မှာ စာတစ်ပုဒ်ကို ၀တ္ထုတိုပဲ၊ အက်ဆေးပေပဲလို့ အမည်
တပ်နေရသောကိစ္စမှာ သိပ်အရေးမပါတော့ကြောင်းနဲ့ ဖန်တီးသူအတော်များများဟာ ဒီကိစ္စ
ကို အလေးမထားတော့ကြောင်း ဒီစာအုပ်အမှာစာမှာ ဆရာသစ္စာနီက ပြောပါတယ်။
အခုစာစုတွေကို ဖတ်ရှုရာမှာလည်း ဖတ်ရင်းနှစ်သက်မိမယ့် စိတ်အလျဉ် ကြောင့် စကားပြေ
ဆိုတဲ့ ခေါင်းစဉ် အောက်ကနေမဟုတ်ဘဲ နှစ်သက်ဖွယ် ရသနောက်ကိုပဲ တစ်စိုက်မတ်မတ်
လိုက် ပါသွားမိပါလိမ့်မယ်လို့ ဆိုပါရစေ။ ဒီ နေရာမှာ 'ကဗျာဆရာရေးသော စကား ပြေတွင််
စကားပြေသမားသက်သက် ရေးသည့် စကားပြေ၌ ရှာဖွေမတွေ့ရှိ နိုင်သော ကဗျာဓာတ်တွေ
စိမ့်ဝင်နေ တာကိုတော့ ၀န်ခံရပေမည်။ စကားလုံး ရွေးချယ်သုံးနှုန်းပုံကအစ ကျစ်လျစ်လှပ
နေတတ်သည်။ ပြီးတော့ တခြားသူတွေမှာ တွေ့ရန်ခက်ခဲသည့် အတွေး ထောင့်"လို့ ဆရာ
သစ္စာနီက ဆိုထားပါတယ်။
စာအုပ်ရဲ့ရှေ့ပိုင်းမှာ 'ကျွန်ုပ်နှင့် ရွှေအို ရောင်အလွမ်းတေး'၊ 'ကျွနု်ပ်နှင့် ဘေး ထွက်ဆိုးကျိုးများ'၊
'ကျွနု်ပ်နှင့် ဖိုးဖိုးဦး ဂျော်နီ'၊ 'ကျွနု်ပ်နှင့် သေခြင်းတရား'၊ 'ကျွနု်ပ်နှင့် အသက်ကယ်ဘောများ'၊
'ကျွနု်ပ်နှင့် ကြောင်ကမ္ဘာစံအိမ်' နဲ့ 'ကျွနု်ပ် နှင့် ကိန်းဂဏန်းများ'တို့ ပါ၀င်ထားပါ တယ်။ ဒီအထဲ
မှာ မန္တလေးသား ကဗျာ ဆရာရိုးဒီရဲ့ ၀တ္ထုဆန်တဲ့ 'ကျွနု်ပ်နှင့် ရွှေ အိုရောင်အလွမ်းတေး'အဖွဲ့က
မန္တလေး နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူတွေရဲ့ရင်ကို တည့်တည့်ထိမှန်နိုင်သလို 'ဘေးထွက် ဆိုးကျိုး
များ'၊ 'ဖိုးဖိုးဦးဂျော်နီ' နဲ့ 'အသက်ကယ်ဘောများ'ရဲ့ ဆွဲဆောင်အားတွေကလည်း စာဖတ်သူ
တွေ လွတ် မြောက်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။
'သူ့စကားပြေအားလုံးမှာ တောရမ်း မယ်ဖွဲ့ ရေးချင်ရာရေးထားသော စာတွေ မဟုတ်တာ
သေချာသည်။ ရည်ရွယ် ချက်ရှိရှိ ဆင်ခြင်စရာတစ်ခုကို ပန်းတိုင် ထား၍ ရေးသောစာတွေသာ
ဖြစ်သည်။ ဖတ်သူကို အလုပ်ကောင်းကောင်းပေး သော စာမျိုးတွေဖြစ်သည်'လို့ ဆရာ သစ္စာနီ
က ဆက်ပြီးသုံးသပ်ပေးထားပါ တယ်။
စာအုပ်နောက်ပိုင်းမှာ 'မျောက်သည် လူက ဆင်းသက်၏'၊ 'ကျွနု်ပ်နှင့် မိမိ ကိုယ်ကို အဆုံး
စီရင်ခြင်း'၊ 'ကျွနု်ပ်နှင့် မေးရိုး'၊ 'ကျွနု်ပ်နှင့် စန်းမရှိတဲ့ကြယ်'၊ 'ကျွနု်ပ်နှင့် အကျႌများ'၊ 'မနက်ဖြန်ဆို
ကျွန်တော်သေမယ်'၊ 'ကျွနု်ပ်နှင့် သင်ယခု ဘာတွေ လုပ်နေလဲ'နဲ့ 'ကျွနု်ပ်နှင့် ဒီမိုကရေစီ
မြန်မာပြည်' တို့ကို ဖတ်ရှုရမှာပါ။
တစ်မျိုးစီလှနေတဲ့ ဒီစာစုတွေထဲမှာ 'ကျွန်ုပ်နှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်း' နဲ့ 'ကျွနု်ပ်နှင့်
စန်းမရှိတဲ့ကြယ်' တို့ဟာ မြို့မငြိမ်း၊ ကတ်ကိုဘိန်း၊ ဗင်းဆင့်ဗန်ဂိုး၊ ပြီးတော့ အခုနောက်ပိုင်းမှာ
လူသိများ တဲ့ သီချင်းတချို့ကို အရင်ကဦးဆုံး သီဆိုခဲ့ဖူးသူဖြစ်ပေမယ့် ဂီတပရိသတ်နဲ့ အလှမ်း
ဝေးဖြစ်ခဲ့ရတဲ့ အနုပညာရှင် တစ်ယောက်ရဲ့ ကောက်ကြောင်းတွေကို ရေးခြယ်ပြထားတာ
ဖြစ်ပြီး စိတ်တိုင်း အကျဆုံးဖြစ်မယ့် အလှတွေပါ။
ကျွန်တော်တို့တွင် ကဗျာဆရာလူငယ်အသစ်တွေ တစ်နေ့တခြားတိုးပွားနေသော်လည်း
စကားပြေရေးသူအသစ် (အထူးသဖြင့် မော်ဒန်စကားပြေသမား) တိုးပွားမှု အင်မတန်နည်း
ပါးသည်။
ယခုလောလောဆယ်တွင် လတ်ဆတ်သော စကားပြေပိုင်ရှင် နှစ်ဦးကို တွေ့လိုက်ရသဖြင့်
အနည်းငယ်ကျေနပ်သွားမိသည်။ တစ်ယောက်က ရိုးဒီ"။ "..ရိုးဒီ၏လက် (စကားပြေ)မှာ
ကျွန်တော်က ရွှေချပေးရမည့် လက်မဟုတ်ပါ။
"စကားပြေ အရေးကောင်းတစ်ဦးဖြစ်ရာ နောက်ပိုင်းတွင် စာကောင်းကောင်းတွေ ဆက်ရေး
နိုင်ပါစေဟု ဆုတောင်းပေးရုံသာ ရှိပါတော့သည်"လို့ ဆရာသစ္စာနီက ဆိုထားတဲ့ ဒီစာအုပ်
ကို 'ကြည်ကြည်' စာပေကနေ ၂၀၁၂၊ အောက်တိုဘာမှာ အုပ်ရေ ၁,၀၀၀ ထုတ်ဝေထားပြီး
တန်ဖိုး ကျပ် ၁, ၅၀၀ ဖြစ်ပါတယ်။
















