ဆီးခုံချင်းဆက်အမွှာညီအစ်ကိုအား ခွဲစိတ်ပြီးနောက် တစ်ဦးသေဆုံး

ဆီးခုံချင်းဆက်အမွှာညီအစ်ကိုအား ခွဲစိတ်ပြီးနောက် တစ်ဦးသေဆုံး

မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံတွင် တစ်နှစ်နှစ်လသားအရွယ် ဆီးခုံချင်းဆက်အမွှာ
ညီအစ်ကိုအား ခွဲစိတ်ပြီးနောက်တွင် မတ်လ ၂၅ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

"မတ်လ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဝေယံငြိမ်းဆုံးသွားတာပါ။ ဆရာဝန်ကြီးတွေ
ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတာ။ ဆရာဝန်ကြီးတွေလည်း စိတ်မကောင်းဘူး။ လာပြီးနှစ်သိမ့်
ပေးကြပါတယ်။ သူ့ကံက ဒီထိပဲပါလာတယ်ထင်တယ်"ဟု မိခင်ဒေါ်မာလာစန်းက ပြောသည်။

ဆီးခုံချင်းဆက်အမွှာညီအစ်ကိုဖြစ်သည့် ဝေယံငြိမ်းနှင့်ဝေယံဟိန်းတို့ကို မတ်လ ၂၃ ရက်နေ့က
မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံတွင် တစ်ဦးချင်းစီဖြစ်အောင် ၁၄ နာရီ ၃၅ မိနစ်ကြာ
ခွဲစိတ်ခဲ့ရသည်။ ခွဲစိတ်ပြီးနောက် ကလေးနှစ်ဦး၏ အခြေအနေမှာ တည်ငြိမ်မှုရှိခဲ့သော်လည်း
မတ်လ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီခန့်အချိန်တွင် ဝေယံငြိမ်းမှာ ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

"ဆရာဝန်ကြီးတွေက ကျန်တဲ့ကလေးကို ပိုပြီးဂရုစိုက်ကုသပေးမယ်လို့ ပြောပါတယ်"ဟု ဒေါ်မာလာ
စန်း က ပြောသည်။ ဆီးခုံချင်းဆက်အမွှာညီအစ်ကိုဖြစ်သည့် ဝေယံငြိမ်းနှင့်ဝေယံဟိန်းတို့ကို မုံရွာ
မြို့နယ် ညောင်ပင်သာရွာမှ တောင်သူမိဘနှစ်ဦးက မုံရွာဆေးရုံကြီးတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ
၁၃ ရက်နေ့ကမွေးဖွားခဲ့ပြီး နောက်ရက်တွင် မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံသို့ ရောက်
ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး