မန္တလေး ၁၆ မိုင် ဂိတ်၌ (၄၀) မမ လောင်ချာ နှင့်အတူ ကျဉ်ကဒ်ခွံတစ်ခု သိမ်းဆီးရမိ

မန္တလေး ၁၆ မိုင် ဂိတ်၌ (၄၀) မမ လောင်ချာ နှင့်အတူ ကျဉ်ကဒ်ခွံတစ်ခု သိမ်းဆီးရမိ

မန္တလေးမြို့၏ မြို့ဝင် မြို့ထွက် ဂိတ်တစ်ခုဖြစ်သည့် ပြင်ဦးလွင်အတက်လမ်း ပုသိမ်ကြီးမြို့နယ်ရှိ
၁၆ မိုင် စစ်ဆေးရေးဂိတ်၌ ယခုလ ၂၆ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် သတင်းအရ မန္တလေးမှ
မူဆယ်သို့ သွားမည်ဖြစ်သည့် mark ii အမျိုးအစား ယာဉ်အမှတ် (YGN/9D-1505) ကို
ရပ်တန့်စစ်ဆေးရာ ယာဉ်၏ နောက်ဖုံးအတွင်း ပီနံအိတ်ခွံဖြင့် ထုတ်ထားသည့် ကိုယ်ထည်
အမှတ် (၅၇၈၄၄၀) M-22 အမျိုးအစား (၄၀) မမ လောင်ချာတွဲလျှက် လောင်ချာကိုယ်ထည်
အမှတ် (LG2-40/0615-12656) နှင့် ကျည်ဆံ (၃၀) တောင့်ဆံ့သည့် ကျည်ဆံမပါ ကျည်ကဒ်ခွံ
တစ်ခုတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရပ်တန့်စစ်ဆေးခဲ့သည့် mark ii အမျိုးအစားမှာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ပြီး အဆိုပါ ကားကို
မောင်းနှင်လာသူသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်းခန်းမြို့နယ်၊ ပန်းဆေးကျေးရွာနေသူဖြစ်ပြီး၊
ပန်းဆေးပြည်သူ့စစ်၏ (အတွင်းရေးမှူး) တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

၎င်းနှင့်အတူ ပန်းဆေး ပြည်သူ့စစ်တပ်၏ တပ်သားနှစ်ဦးလည်း လိုက်ပါလာကြောင်း
စစ်ဆေးတွေ့ရှိခဲ့ရသည်။

"အုန်းချောရဲစခန်းမှာ အမှုဖွင့်ထားပြီး သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့
အသေးစိတ် အချက်အလက် အတိအကျရဖို့ ဖမ်းဆီးရမိတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေအနေနဲ့
စစ်ဆေးမှုတွေ လုပ်နေတယ်" ဟု ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်က
မြန်မာတိုင်း(မ်) ကိုပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး