ဘုရားဆင်းတုတော် မရှိသော ကျေးရွာများအတွက် ဘုရားဆင်းတုတော်များ လှူးဒါန်မည်

ဘုရားဆင်းတုတော် မရှိသော ကျေးရွာများအတွက် ဘုရားဆင်းတုတော်များ လှူးဒါန်မည်

မေတ္တာပေါင်းကူးတံတားပရဟိတအဖွဲ့နှင့် ပီတိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကိုးကွယ်စရာ
ဘုရားဆင်းတုတော် မရှိသော ကျေးရွာများအတွက် ဉာဏ်တော် တစ်ပေခန့်ရှိ ဘုရားဆင်းတုတော်များ
လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

"ဝေးလံခေါင်ပါးပြီး အမှန်တကယ် ကိုးကွယ်စရာ ဆင်းတုတော် မရှိတဲ့ဒေသတွေကို ဦးစားပေး
လှူပေးမှာပါ။ အမှန်တကယ် လိုအပ်တဲ့ ဒေသတွေအနေနဲ့လည်း အလှူခံနိုင်ပါတယ်"ဟု
မေတ္တပေါင်းကူးတံတားပရဟိတအဖွဲ့မှ မမြင့်မြင့်သန်းက ပြောသည်။

မတ်လ ၃ ရက်နေ့က မေတ္တာပေါင်းကူးတံတားပရဟိတအဖွဲ့၏ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအုပ်စု ပုံတောင်ပုံညာ တောင်ခြေအနီးရှိ
အုန်းပင်တောတိုက်တွင် တစ်ခါမှ ရှင်သာမဏေ မပြုဖူးသေးသော ကလေး ၃၈ ကို ရှင်ပြုလှူဒါန်းရင်း
ကိုးကွယ်စရာ ဘုရားဆင်းတုတော်မရှိသည့် အိမ်များသို့ ဘုရားဆင်းတုတော် အဆူ ၅၀
လှူဒါန်းပေးခဲ့သည်။

"အုန်းပင်တောရွာမှာ ရှင်ပြုပွဲလုပ်ရင်းနဲ့ ဘုရားဆင်းတု ၅၀ လှူခဲ့တော့ အနီးအနားက ရွာတွေကလည်း
ရချင်တယ်ပြောတယ်။ သူတို့ ရွာတွေမှာလည်း မရှိတော့ ကျွန်မတို့ အဖွဲ့ကနေ ဆက်ပြီး
အလှူခံပေးထားတယ်။ မေလပထမပတ်ထဲမှာ ပုံတောင်ပုံညာတောင်ခြေနားက ကျေးရွာတွေမှာ
ဆင်းတုတော် ၄၀၀ လောက်သွားလှူမှာ"ဟု မမြင့်မြင့်သန်းက ပြောသည်။

ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဘာသာရေးနှင့် အလှမ်းဝေးသော
ကျေးရွာများအတွက် မေတ္တာပေါင်းကူးတံတားပရဟိတအဖွဲ့မှ ကိုးကွယ်စရာ ဘုရားဆင်းတု မရှိသော
ကျေးရွာများအတွက် ဆက်လက် အလှူခံပေးကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး