မော်တော်ယာဉ်တင်သွင်းမှုအပေါ်အခွန်ကို ဧပြီ ၁ ရက်မှစ၍ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကားများ
အတွက် ၂ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၅ဝဝဝ စီစီအထိကားများအတွက် ၃ဝ ရာခိုင်နှုန်း၊ ၅ဝဝ၁ စီစီ
အထက်ကားများအတွက် ၅ဝ ရာခိုင်နှုန်းပေး ဆောင်ရန် သတ်မှတ်ထား။
လာမည့်ဧပြီ ၁ ရက် နောက်ပိုင်းတွင် ကောက်ခံမည့်အခွန်နှုန်းထားများကြောင့် ကားစျေးကွက်
အတွင်း၌ အထူးသဖြင့် တန်ဖိုးမြင့်ကားများမှာ အရောင်းအဝယ်ပိုအေးစက်နိုင်ကြောင်း ကားဝယ်
ရောင်းတချို့က သုံးသပ်ပြောသည်။
အင်ဂျင်ပါဝါ ၁၅ဝဝ စီစီအထက်ကားများကို အခွန် ၂ဝ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၅ဝ ရာခိုင်နှုန်းအထိ
ကောက်ခံသွားမည်ဟု ပြီးခဲ့သောဖေဖော်ဝါရီလ နောက်ဆုံးပတ်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးနောက်တွင် စျေးကွက်အတွင်း အင်ဂျင်ပါဝါမြင့် စလစ်ကပ်ကားများ အရောင်းအဝယ်
လှုပ်ခတ်ခဲ့ကြောင်း၊ မတ်လနှောင်းပိုင်းတွင် အရောင်းအဝယ် ပြန်လည်တည်ငြိမ်သွားကြောင်း မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကား ရောင်းဝယ်ရေးစခန်းမှ အတွင်းရေးမှူ းဦးဝင်းမြင့်ဦးက ပြော
သည်။
''ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အရောင်းအဝယ်တော်တော်လှုပ်ခတ်ခဲ့ပေမဲ့ အခုပြန်ငြိမ်သွားပါတယ်။
မော်ဒယ်မြင့်တွေကို ဝယ်စုသူတွေလည်း ရှိခဲ့ပါတယ်။ စျေးနှုန်းတွေအနေနဲ့ စလစ်ကပ်ကားတွေ
ပိုတက်ကုန်ပါတယ်။ အာရာဖတ်၊ ကလူဂါ၊ ဝစ်ရှ်တွေက ပျမ်းမျှ ကျပ်သိန်း ၅ဝ လောက်စျေးတက်ခဲ့
တယ်။ အင်ဂျင်ပါဝါမြင့်တဲ့ အခွန် ၅ဝ ရာခိုင်နှုန်းအထိဆောင်ရမယ့် လင်ခရူဆာတွေက ပျမ်းမျှကျပ်
သိန်း ၁၅ဝ လောက် စျေးမြင့်ကုန်တယ်။ ဧပြီ ၁ ရက်နောက်ပိုင်းမှာ အခြေအနေကို စောင့်ကြည့်
ရတဲ့ကာလလည်း ရှိဦးမယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ အင်ဂျင်ပါဝါမြင့်ပြီး အခွန် ၅ဝ ရာခိုင်
နှုန်းအထိပေးဆောင်ရမယ့်ကားတွေက အရောင်းအဝယ် ပိုအေးနိုင်ပါတယ်'' ဟု ဦးဝင်းမြင့်ဦးက
မတ်လ ၂၈ ရက်က ပြောသည်။
မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒသစ်အရ ၁၃ဝဝ စီစီအောက် မော်ဒယ်နိမ့်ကားများကို တစ်ဦး
ချင်းပါမစ်ဖြင့် တင်သွင်းခွင့်မရှိတော့ကြောင်း၊ ဖရီးပါမစ်မော်ဒယ်မြင့်များကို စလစ်ကပ်ရမည်ဖြစ်
သောကြောင့် ၄င်းတို့ စျေးနှုန်းအပြောင်းအလဲကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်းပြောသည်။
တစ်ဦးချင်းပါမစ်(ဖရီးပါမစ်)ဖြင့်တင်သွင်းခွင့်ကို ပြီးခဲ့သော ဒီဇင်ဘာ ၂ဝ ရက်တွင် ရပ်ဆိုင်းလိုက်
ပြီးနောက် ဖရီးပါမစ်ကားစျေးနှုန်န်းများမှာလည်း စျေးကွက်တွင် ပေါက်စျေးတန်းထက် ကြိုက်ရောင်း
ကြိုက်ဝယ်အသွင်ဆောင်လာခဲ့ပြီး ပျမ်းမျှအနိမ့်ဆုံး ကျပ်သိန်း ၄ဝ ခန့် စျေးတက်ခဲ့သည်။
''ကားအရောင်းအဝယ်ကတော့ အေးပါတယ်။ (အင်ဂျင်ပါဝါသေး) ကားအသေးတွေပဲ ရောင်းရ
ပါတယ်။ ဧပြီ ၁ ရက် နောက်ပိုင်း မှာ အရောင်းအဝယ် ပိုအေးနိုင်တယ်''ဟု မန္တလေးမြို့ရှိ ှု
Sky Kyaw ကားအရောင်းပြခန်းမှကိုဇာနည်က မတ် ၂၈ ရက်တွင် ပြောသည်။
မော်တော်ယာဉ်တင်သွင်းမှုအပေါ် အခွန် ကို ဧပြီ ၁ ရက်မှ စ၍ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိ
ကားများအတွက် ၂ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၅ဝဝဝ စီစီအထိကားမျာအတွက် ၃ဝ ရာခိုင်နှုန်း၊
၅ဝဝ၁ စီစီအထက်ကားများအတွက် ၅ဝ ရာခိုင်နှုန်းပေးဖဆာင်ရန် သတ်မှတ်ထားသည်။
















