ခေါက်ဆွဲအကြွပ်ကြော်လေးနဲ့ ပူဒီနာအအေးဖျော်ရည်လေးက အခုတလော မန်းမှာနာမည်ကြီးနေ
တဲ့အစားအစာတွေ ဖြစ်ပါတယ်။ ခေါက်ဆွဲအခြောက်ကို ကြွပ်နေအောင် ကြော်ထားတာဖြစ်တဲ့
ခေါက်ဆွဲအကြွပ်ကြော်က စားရတာအရသာဆန်းပြီး စားကောင်းတဲ့အတွက် ခံတွင်းတွေ့တဲ့စားပွဲ
ဖြစ်မှာ သေချာပါတယ်။
ခေါက်ဆွဲအခြောက်ကို ဆီနဲ့ကြွပ်နေအောင် ကြော်ထားပြီး ကော်ရည်ဆမ်းထားတာပါ။ ပူပူနွေးနွေး
လေးစားရင် ပိုပြီးအရသာတွေ့မှာပါ။ ဟင်းသီးဟင်းရွက်တွေနဲ့ ကြက်ဥမွှေကြော် ညှပ်ထားတာတွေ
ကို ပြင်ထားတဲ့ ခေါက်ဆွဲအကြွပ်ကြော်အပေါ်ကို ဖြူးထားပါတယ်။ အားလုံးကို ရောပြီးမွှေလိုက်ရင်
မစားခင်ကို အရသာလေးက မွှေးကြိုင်နေပြီးဗိုက်ဆာလာမှာပါ။
ခေါက်ဆွဲအကြွပ်ကြော်နဲ့အတူ ချပေးတဲ့အချဉ်ကလည်း တကယ်ကိုလိုက်ဖက်ပြီးတော့ စားကောင်း
ပါတယ်။ ခါကြက်ဥရယ်၊ ခရမ်းချဉ်သီးရယ်၊ သခွားသီးတွေကို အချဉ်လုပ်ထားတာပါ။ အဲဒီအချဉ်ကိ
ကော်ရည်ထဲနှစ်ပြီးစားလိုက်ရင် အလွန်အရသာ ကောင်းပါတယ်။ ခေါက်ဆွဲအကြွပ်ကြော်တစ်ပွဲက
တစ်ယောက်တည်းစားရင် များတဲ့အတွက် တစ်ပွဲမှာပြီး နှစ်ယောက်မျှစားမယ်ဆိုလည်း အဆင်ပြေ
ပါတယ်။ ခေါက်ဆွဲအြ<ွကပ်ကြော်တစ်ပွဲက အရမ်းအများလို့ပါ။
ခေါက်ဆွဲအကြွပ်ကြော်စားပြီး ပူဒီနာအအေးဖျော်ရည်လေး သောက်လိုက်ရင် အီလည်လည်ဖြစ်နေ
တာတွေ ပျောက်ကွယ်သွားမှာပါ။ ပူဒီနာအအေးဖျော်ရည်ကို ပူဒီနာရယ်၊ သံပရာသီးရယ်၊ ပြင်သစ်
ကလာတဲ့ အုန်းသီးအနှစ်ရယ် ရောစပ်ပြီး ဖျော်ပေးထား
တာပါ။ သောက်လိုက်ရင် ခံတွင်းရှင်းသွားပြီး နောက်ထပ် သာက်ချင်သွားမှာ သေချာပါတယ်။
ပူဒီနာအအေးဖျော်ရည်က ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်တဲ့။ အရသာဆန်းပြီး စားရ
တာအဆင်ပြေတဲ့အတွက် မိတ်ဆွေ၊ သူငယ်ချင်းတွေကိုဧည့်ခံရင် မျက်နှာပန်းလှမှာသေချာပါတယ်။
စျေးနှုန်းက ခေါက်ဆွဲအကြွပ်ကြော်တစ်ပွဲကို ကျပ် ၃,ဝဝဝ၊ ပူစီနံအအေးဖျော်ရည်တစ်ခွက်ကို
ကျပ် ၁,၅ဝဝ ပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲကြွပ်ကြော်နဲ့ ပူဒီနာအအေးဖျော်ရည်ကို စားသုံးချင်ရင်
၇၁ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်းကြားမှာရှိတဲ့ - 12 hours Eat & Drink ဆိုင်လေးမှာရပါတယ်။
ခေါက်ဆွဲအကြွပ်ကြော်အပြင် တခြားစားစရာတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ ဥရောပအစာစားတွေ
လည်း စားသုံးနိုင်ပါသေးတယ်။ ဆိုင်ဖွင့်တဲ့အချိန်ကလည်း တခြားဆိုင်တွေနဲ့မတူညီပါဘူး။ ညနေ
၆ နာရီကနေ နောက်နေ့မနက် ၆ နာရီအထိ ညလုံးပေါက်ဖွင့်တဲ့ ဆိုင်လေး ဖြစ်ပါတယ်။
















