မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးကျုံးမျက်နှာစာသုံးဖက်တွင် သင်္ကြန်ရေ
ကစားမဏ္ဍပ်ဆောက်လုပ်ခွင့်များကိုချထားပေးခဲ့ရာ လေလံစျေးကောင်းရရှိခဲ့ပြီး ရေကစားမဏ္ဍပ်
များမှ ရောင်းချမည့်ရေကစားခွင့်လက်မှတ်နှုန်းထားများကိုမူ သတ်မှတ်ချက်ပေးမထားကြောင်း
စည်ပင်သာယာအခွန်ဌာနက ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ခွင့်ကို ယခုလ ၂၃ ရက်က ကျုံးအရှေ့ဘက် ၆၆ လမ်းပေါ်အတွက်
ရေကစားမဏ္ဍပ်ရှစ်ခုကို နေရာအလိုက်ရောင်းချခဲ့ရာ ခြောက်ခုကိုရောင်းချပြီးစီးခဲ့ပြီး ကျပ်သိန်း
ပေါင်း ၂,၃၆ဝ ကျော်ရရှိခဲ့သည်။
အဆိုပါဆောက်လုပ်ခွင့်ရရှိသော ရေကစားမဏ္ဍပ်များ လိုက်နာရမည့်စည်းကမ်းများကို သတ်မှတ်
ထားသော်လည်း ရောင်းချမည့် ရေကစားခွင့်လက်မှတ်နှုန်းထားများကို ကန့်သတ်မထားကြောင်း
ဦးကျော်ဇောအောင်က ပြောသည်။
''မဏ္ဍပ်တွေ ရောင်းရမယ့်လက်မှတ်ခတွေကိုတော့ သတ်မှတ်ပေးမထားပါဘူး။ ကျန်တဲ့မဏ္ဍပ်
ဗနရာတွေကိုလည်း အမြန်ဆုံးဆက်ရောင်းပါမယ်''ဟု ဦးကျော်ဇောအောင်က ယခုလ ၂၄ ရက်
တွင်ဆိုသည်။
ရေကစားမဏ္ဍပ်များကို ယခင်နှစ်က မဲစနစ်ဖြင့်ချထားခဲ့သော်လည်း ယခုနှစ်တွင်အိတ်ဖွင့်လေလံ
စနစ်ဖြင့်ယှဉ်ပြိုင်စေခဲ့သည်။ ယခင်ကကျုံးလေးဖက်လေးတန်တွင် နေရာချပေးခဲ့သော်လည်း ယခု
နှစ်တွင် ကျုံးတောင်ဘက် ၂၆ လမ်းကို လမ်းလျှောက်သင်္ကြန်အဖြစ် ပုံဖော်မည်ဖြစ်သဖြင့် စီးပွား
ရေးမဏ္ဍပ်များကို ချထားခြင်းမပြုဘဲကျန် ကျုံးသုံးဖက်တွင်သာ ချထားပေးမည်ဖြစ်သည်။
''ကျုံးအရှေ့ဘက်အတွက် ရောင်းချခဲ့တဲ့ရေကစားမဏ္ဍပ်ခြောက်ခုထဲမှာ နေရာကောင်းရသွားတဲ့
Maritime ရေကစားမဏ္ဍပ်က ကျပ်သိန်း ၅၄ဝ ကျော်အများဆုံးပေးခဲ့ပါတယ်။ အနည်းဆုံးက
ငွေကျပ်သိန်း ၂၅ဝ ကျော်ရခဲ့ပါတယ်။ ကျန်တဲ့ ကျုံးအနောက်ဘက်လမ်း ၈ဝ နဲ့ မြောက်ဘက် ၁၂
လမ်းမဏ္ဍပ်နေရာတွေအတွက် စျေးကိုက်ညီမှုမရှိသေးလို့ ပြန်နေရာချသွားမှာပါ'' ဟု အခွန်ဌာန၊
ရာဖြတ်ဌာနခွဲမှူ းဦးသန်းထိုက်ကျော်က ပြောသည်။
Maritime ရေကစားမဏ္ဍပ်တာဝန်ရှိသူတစ်ဦးက ယမန်နှစ်က ကျုံးတောင်ဘက်တွင်မဏ္ဍပ်လုပ်ခဲ့ပြီး
ကျပ်သိန်း ၄ဝဝ ဖြင့် နေရာရခဲ့ကြောင်း၊ သင်္ကြန်ရက်အားလုံး ကစားခွင့်အတွက်တစ်ဦးလျှင် ကျပ်
၅ဝ,ဝဝဝ သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်အတွက်မူ စျေးနှုန်းမဆုံးဖြတ်ရသေးကြောင်း မတ် ၂၄ ရက်
တွင် ပောသည်။
စည်ပင်သာယာက သင်္ကြန်မဏ္ဍပ်များလိုက်နာရန် စည်းကမ်းချက် ၂ဝ ကျော်ကို သတ်မှတ်ထားရာ
တွင် မဏ္ဍပ်များတွင် အရက်၊ ဘီယာ၊ စီးကရက်ကြော်ငြာများမချိတ်ဆွဲရန်၊ စီစီတီဗီကင်မရာများ
တပ်ဆင်ရန်၊ မဏ္ဍပ်လက်ပြောင်းမရောင်းချရန်၊ အာမခံငွေကျပ် သိန်း ၂ဝ ပေးသွင်းရန်၊ နံနက် ၈
နာရီမှ ၁၂ နာရီအထိနှင့် ညနေ ၃ နာရီမှ ၆ နာရီအထိသာ ရေကစားရန်အချက်များ ပါဝင်သည်။
















