ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက ဆရာ၊ ဆရာမများကို ကလေးဗဟိုပြုသင်ကြားရေးစနစ် သင်တန်းပေးမည်

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက ဆရာ၊ ဆရာမများကို ကလေးဗဟိုပြုသင်ကြားရေးစနစ် သင်တန်းပေးမည်

မြန်မာနိုင်ငံတွင်ရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက ဆရာ၊ ဆရာမ ၂,၅ဝဝ ခန့်ကို
၂ဝ၁၇-၁၈ ပညာသင်နှစ်အတွင်း ကလေးဗဟိုပြု သင်ကြားရေးစနစ်များကို သင်ကြားပေးသွားမည်
ဖြစ်ကြောင်း မန္တလေးမြို့၊ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးတွဲဖက်အထက်တန်းကျောင်း
ကျောင်းအုပ်ဆရာတော် ဦးနာယကက ယခုလ ၂၁ ရက်က မိန့်သည်။

''အခုလိုသင်ကြားပေးမှာက ဘုန်းတော်ကြီးသင်ကျောင်းမှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေကို
ကလေးတွေအကြောင်း ပိုသိစေချင်တယ်။ ကလေးဗဟိုပြုပြီး သင်ပေးတာဆိုတာ အရမ်းအရေး
ကြီးတယ်။ သူတို့အနေနဲ့ ကလေးတွေအကြောင်းကို ပိုသိစေချင်တယ်။ ပြီးရင် စီမံခန့်ခွဲမှုအကြောင်း
တွေလည်း သင်ကြားပေးမှာဖြစ်တယ်''ဟု ဆရာတော်က မိန့်သည်။

၂ဝ၁၇-၁၈ ပညာသင်နှစ်အတွင်း ဖောင်တော်ဦးကျောင်း၌ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး
တိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၆ဝဝ ကျော်က ဆရာ၊ ဆရာမများကို ကလေးဗဟိုပြုသင်ကြားရေး စနစ်ကို သင်ကြားပေးသွားမည်
ဖြစ်ပြီး သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမအရေအတွက်မှာ ၂,၅ဝဝ ခန့် ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁,၅ဝဝ ခန့်ရှိပြီး ကျန်သည့်
ကျောင်းများက ဆရာ၊ ဆရာမများကိုလည်း လာမည့်ပညာသင်နှစ်ကာလများတွင် သင်ကြားပေး
သွားရန်အတွက် စီမံချက်များ ဆက်လက်ရေးဆွဲနေကာ ပြီးခဲ့သည့်ပညာသင်နှစ်တွင် ဘုန်းတော်
ကြီးသင် ပညာရေးကျောင်းများက ဆရာ၊ ဆရာမ ၁,၇ဝဝ ကျော်ကို သင်ကြားပေးခဲ့ကြောင်းဆရာ
တော်က မိန့်သည်။

''ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာပါ ကလေးဗဟိုပြု သင်ကြားရေးစနစ်တွေနဲ့ သင်
ကြားမယ်ဆိုတာ အရမ်းကောင်းတယ်။ အခုက အရင်လိုတုတ်ပြပြီး သင်ကြားလို့ရတာ မဟုတ်
တော့ဘူး။ ကလေးမိဘတွေကပါ တုတ်နဲ့ရိုက်ရင် အပြစ်မြင်လာတတ်ကြပြီ။ ကလေးဗဟိုပြုစနစ်
ဆိုတာ အရမ်းအရေးကြီးပါတယ်။ ကလေးစိတ်ထဲမှာ ဘာရှိလဲဆိုတာ သိအောင်မကြိုးစားဘဲ၊
ကိုယ်လိုချင်တဲ့ ပုံစံကိုရအောင် ကြိုးစားတဲ့ခေတ်က ကုန်ပါပြီ။ ကျောင်းတိုင်းမှာလည်း အခုလို
ကလေးဗဟိုပြု စနစ်တွေ သင်ကြားရေးကို သေသေချာချာလုပ်မယ်ဆိုရင် မြန်မာနိုင်ငံပညာရေးက
ဒီထက်ပိုတိုးတက်လာမှာပါ'' ဟု မန္တလေးမြို့ခံ ကျူရှင်ဆရာတစ်ဦးဖြစ်သည့် ဦးနိုင်ဝင်းကပြောသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး