MDC 2017 Myanmar ကားမောင်းပြိုင်ပွဲကို ဧပြီ ၈ ရက်နှင့် ၉ ရက်များတွင် မန္တလေးတိုင်းဒေသ
ကြီး၊ ပြင်ဦးလွင်မြို့၊ ပြင်စာကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီး၌ ကျင်းပပြု လုပ်သွားမည်ဖြစ်
ကြောင်း ပြိုင်ပွဲကျင်းပစီစဉ်သူ ကိုမင်းသန့်ထက်က ယခုလ ၂၈ ရက်တွင် ပြောသည်။
''အခုအကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်လို့ ပြောလို့ရပါတယ်''ဟု ၄င်းက ပြောသည်။
အဆိုပါပြိုင်ပွဲကို MSAM (Motor Sport Association of Mandalay) က ကြီးမှူ းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား လေးမျိုးပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုမင်းသန့်ထက်က ပြောသည်။
''မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်သွားမှာပါ။ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေ
လည်း အယောက် ၅ဝ ကျော်လောက်တော့ ခန့်မှန်းထားပါတယ်''ဟု ၄င်းက ပြောသည်။
နိုင်ငံတကာစံချိန်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ကားအားကစားပိုမိုတိုးတက်နိုင်ရန်နှင့်
ပြိုင်ကားအားကစားလူငယ်များ ပိုမိုပေါ်ထွက်လာရန် ကျင်းပခြင်းဖြစ်ကြောင်း ကိုမင်းသန့်ထက်က
ပြောသည်။
''တစ်နိုင်ငံလုံးမှာရရှိတဲ့ ပြိုင်ကားမောင်းဝါသနာပါတဲ့သူတွေ လာရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ အင်
ဂျင်ပါဝါသတ်မှတ်ထားတာ မရှိပါဘူး''ဟု ၄င်းက ပြောသည်။
ပြိုင်ပွဲအမျိုးအစားပေါ်မူတည်ပြီး ဆုကြေများကို ကျပ် ၁ဝ သိန်းမှ ကျပ်တစ်သိန်းအထိ ချီးမြှင့်သွား
မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။















