ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲက ငြိမ်းချမ်းရေးသဘောထား ကြေညာချက်ထုတ်

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲက ငြိမ်းချမ်းရေးသဘောထား ကြေညာချက်ထုတ်

ငြိမ်းချမ်းချစ်ကြည်စွာ ထာဝစဉ်ယှဉ်တွဲနေထိုင်ကြသည့် ဘာသာပေါင်းစုံညီအစ်ကိုမောင်နှမများ
တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယခုလ ၁၈ ရက်က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ပြီး
အချက်ရှစ်ချက်ပါ ငြိမ်းချမ်းရေးသဘောထားကြေညာချက်တစ်စောင်ကို မတ် ၂၃ ရက်က ထုတ်ပြန်
ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို ဗုဒ္ဓဘာသာဆရာတော်သံဃာတော်များ၊ မြန်မာနိုင်ငံဒေသအသီးသီးရှိ
ဘာသာပေါင်းစုံဘုန်းတော်ကြီးများ၊ ဂိုဏ်းအုပ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့
ဝန်ကြီးချုပ်အပါအဝင် လူမှုရေးအသင်းအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါကြေညာချက်တွင် ဒလက်နက်နှင့်အကြမ်းဖက်ဖြေရှင်းသော လုပ်ရပ်မှန်သမျှနှင့် မည်သူ
မဆို ချစ်ကြည်ရင်းနှီးမှုအား ပျက်ပြားစေပြီး အကျိုးထက်အပြစ်ကိုသာ ဖြစ်စေတတ်သော အမုန်း စကားများဖြင့် ပြောဆိုတိုက်ခိုက်မှုမှန်သမျှအား ကန့်ကွက်ရှုတ်ချပြီး ပေါ်ပေါက်လာမည့် အခက်အခဲ
ပြဿ     နာများအားလုံးကို မေတ္တာတရား လက်ကိုင်ထားလျက် ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေး
ညှိနှိုင်းစေလိုကြောင်း အပါအဝင် ဘာသာပေါင်းစုံတို့၏ ငြိမ်းချမ်းရေးကို လိုလားရှေးရှုသည့်အချက်
အလက်စုစုပေါင်းရှစ်ချက်ကို ကြေညာချက်တွင် ရေးသားထားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်တကွ ဘာသာ
အသီးသီးမှ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သြဝါဒစကားများ
မြွက်ကြားခဲ့ကြသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး