မန္တလေးမြို့၏ မြို့ဝင်မြို့ထွက်ဂိတ်တစ်ဂိတ်ဖြစ်သည့် ပြင်ဦးလွင်အတက်လမ်း၊ ပုသိမ်ကြီးမြို့နယ်ရှိ
၁၆ မိုင်စစ်ဆေးရေးဂိတ်၌ ယခုလ ၂၆ ရက်က လက်နက်သိမ်းဆည်းရမိခဲ့သည်။
အဆိုပါနေ့၊ နံနက် ၅ နာရီအချိန်ခန့်တွင် သတင်းအရ မန္တလေးမှမူဆယ်သို့သွားမည့် Mark II
အမျိုးအစားယာဉ်အမှတ် (YGN/9D-1505) ကို ရပ်တန့်စစ်ဆေးရာ ယာဉ်၏နောက်ဖုံးအတွင်း
ပီနံအိတ်ခွံဖြင့်ထုပ်ထားသည့် ကိုယ်ထည်အမှတ် (၅၇၈၄၄ဝ) M-22 အမျိုးအစား (၄ဝ) မမ
လောင်ချာတွဲလျက် လောင်ချာကိုယ်ထည်အမှတ် (LG2-40/0615-12656) နှင့် ကျည်ဆန် ၃ဝ
တောင့်ဆံ့သည့် ကျည်ဆန်မပါ ကျည်ကတ်ခွံတစ်ခုတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း
ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူ းရုံးမှသိရသည်။
ရပ်တန့်စစ်ဆေးခဲ့သည့်ယာဉ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ပြီး အဆိုပါကားကိုမောင်းနှင်လာသူ
သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးကျေးရွာနေသူဖြစ်ပြီး ပန်ဆေးပြည်သူ့
စစ်၏ (အတွင်းရေးမူှ း) တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ၄င်းနှင့်အတူ ပန်ဆေး
ပြည်သူ့စစ်တပ်၏ တပ်သားနှစ်ဦးလည်း လိုက်ပါလာကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
''အုန်းချောရဲစခန်းမှာ အမှုဖွင့်ထားပြီး သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့
အသေးစိတ် အချက်အလက်အတိအကျရဖို့ ဖမ်းဆီးရမိတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေအနေနဲ့
စစ်ဆေးမှုတွေလုပ်နေတယ်''ဟု ပုသိမ်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူ းဦးကျော်သက်ခိုင်က ပြောကြား
သည်။















