မန္တလေးမြို့ ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံတွင် တစ်နှစ်နှစ်လသားအရွယ် ဆီးခုံချင်းဆက်
အမြွှာညီအစ်ကိုအား ခွဲစိတ်ပြီးနောက်တွင် မတ် ၂၅ ရက်က တစ်ဦးသေဆုံးသွားသည်။
''မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ဝေယံငြိမ်းဆုံးသွားတာပါ။ ဆရာဝန်ကြီးတွေ ဂရုစိုက်
နေတဲ့ကြားက ဖြစ်သွားတာ။ ဆရာဝန်ကြီးတွေလည်း စိတ်မကောင်းဘူး။ လာပြီးနှစ်သိမ့်ပေးကြ
ပါတယ်။ သူ့ကံက ဒီထိပဲ ပါလာတယ်ထင်တယ်''ဟု မိခင် ဒေါ်မာလာစန်းက ပြောသည်။
ဆီးခုံချင်းဆက် အမြွှာညီအစ်ကိုဖြစ်သည့် ဝေယံငြိမ်းနှင့်ဝေယံဟိန်းတို့ကို မတ် ၂၃ ရက်က မန္တလေး
မြို့ ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံတွင် တစ်ဦးချင်းစီဖြစ်အောင် ၁၄ နာရီ ၃၅ မိနစ်ကြာ ခွဲစိတ်ခဲ့ရ
သည်။ ခွဲစိတ်ပြီးနောက် ကလေးနှစ်ဦး၏ အခြေအနေမှာ တည်ငြိမ်မှုရှိခဲ့သော်လည်း မတ် ၂၅ ရက်
နေ့မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ဝေယံငြိမ်းမှာ ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။
''ဆရာဝန်ကြီးတွေက ကျန်တဲ့ကလေးကို ပိုပြီးဂရုစိုက်ကုသပေးမယ်လို့ ပြောပါတယ်''ဟု ဒေါ်မာလာ
စန်းက ပြောသည်။ ဆီးခုံချင်းဆက်အမြွှာညီအစ်ကိုဖြစ်သည့် ဝေယံငြိမ်းနှင့်ဝေယံဟိန်းတို့ကို မုံရွာ မြို့နယ်၊ ညောင်ပင်သာရွာမှ တောင်သူမိဘနှစ်ဦးက မုံရွာဆေးရုံကြီး၌ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
ရက်က မွေးဖွားခဲ့ပြီး နောက်ရက်တွင် မန္တလေးမြို့ ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံသို့ရောက်ရှိခဲ့
သည်။
















