မန်းသင်္ကြန်တွင် မင်းသားကျော်သူ ဦးဆောင်ပြီး သံချပ်အဖွဲ့ထွက်မည်

မန်းသင်္ကြန်တွင် မင်းသားကျော်သူ ဦးဆောင်ပြီး သံချပ်အဖွဲ့ထွက်မည်

လာမည့်မန္တလေးသင်္ကြန်ကာလတွင် ရုပ်ရှင်မင်းသားကြီးကျော်သူဦးဆောင်ကာ ပရဟိတလူမှု
ကူညီရေးအဖွဲ့များကိုစုစည်းပြီး သင်္ကြန်သံချပ်အဖွဲ့ ထွက်မည်ဖြစ်ကြောင်း သာသနာ့ပါလပရဟိတ
လူမှုကူညီရေးအသင်းမှ ဒုတိယဥက္ကဋ္ဌကိုဇော်သီဟက ပြောသည်။

မန္တလေးမြို့မှ ပရဟိတအဖွဲ့ ၁ဝ ဖွဲ့ကျော်ကိုစုစည်းကာ သင်္ကြန်ရက်များတွင် မြို့တွင်း၌လှည့်လည်
aဖျာ်ဖြေသွားမည်ဖြစ်ပြီး ယခုအခါ သံချပ်စာသားများနှင့်သီချင်းများကို စတင်aလ့ကျင့်နေပြီဖြစ်
ကြောင်း ကိုဇော်သီဟက ပြောသည်။

''ကျော်သူကွန်ရက်အနေနဲ့ ဒါပထမဆုံးလုပ်တာပါ။ သံချပ်လည်း စတိုက်နေပါပြီ။ ဦးကျော်သူ
ကိုယ်တိုင် ကျွန်တော်တို့ သံချပ်အဖွဲ့တွေနဲ့လိုက်ပါမယ်။ သံချပ်အဖွဲ့ကို ဖိတ်ချင်တဲ့သူတွေလည်း
ဖိတ်နိုင်အောင် လက်ကမ်းစာရွက်တွေဝေဖို့ စီစဉ်ထားပါတယ်။ ရတဲ့အလှူ ငွေတွေကို ကျော်သူပရ
ဟိတကွန်ရက်ရဲ့ လူမှုကူညီရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာပါ''ဟု ကိုဇော်သီဟက မတ် ၂၂
ရက်တွင် ပြောသည်။

လက်ရှိတွင် သံချပ်နှစ်ပုဒ်နှင့်သီချင်းသုံးပုဒ်ကို ဇာတ်တိုက်လေ့ကျင့်နေပြီး သံချပ်အဖွဲ့ကို 'ချိတ်'ဟု
အမည်ပေးထားကြောင်း ပြောသည်။

''ကျွန်တော်တို့က အတွေ့အကြံုမရှိသေးတဲ့သူတွေဆိုပေမဲ့ လက်ရှိဇာတ်တိုက်နေတဲ့အနေအထား
အရ ဒီလောက်လုပ်နိုင်တာကို ကျေနပ်ပါတယ်။ သံချပ်လှည့်ဖို့ ကားတွေ၊ လိုအပ်တဲ့ စက်ပိုင်း
ဆိုင်ရာတွေအတွက် ချိတ်ဆက်ပြီးပါပြီ''ဟု ကိုဇော်သီဟက ပြောသည်။

ရွှေဥယျာဉ်လူရိုင်းလေးများ ပရဟိတအဖွဲ့မှ တာဝန်ခံဦးမြင့်အောင်က သံချပ်စာသားများခွင့်ပြုရေး
အတွက် ယခုလကုန်တွင် စည်ပင်သာယာမှ တာဝန်ရှိသူများထံသို့တင်ပြမည်ဖြစ်ကြောင်း၊ သင်္ကြန်
အကြိုနေ့အပါအဝင် သင်္ကြန်လေးရက် လှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက်တွင်
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး