သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများစျေးမတက်ရန် မေတ္တာရပ်ခံထားကြောင်း
မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်
ကျော်လင်းက ပြောသည်။
''မေတ္တာရပ်ခံထားတာပါ။ အာဏာအနေနဲ့သုံးတာမဟုတ်ပါဘူး။ မေတ္တာရပ်ခံထားတဲ့အတွက်
ယာဉ်အသင်းတွေကလည်း လိုက်နာပါတယ်''ဟု ၄င်းက ပြောသည်။
သင်္ကြန်ကာလအတွင်း၌ ယာဉ်လိုင်းများပိတ်မပိတ်ကို ဧပြီ ရ ရက် နောက်ဆုံးထားအကြောင်းပြန်
ပေးရန်နှင့် ယာဉ်တစ်စီးလျှင်ထိုင်ခုံငါးခုံချန်ထားပေးရန်လည်း မေတ္တာရပ်ခံထားကြောင်း ၄င်းက
ပြောသည်။
''ကားတစ်စီးစီကို ထိုင်ခုံငါးခုံချန်ထားဖို့ပြောပါတယ်။ ချန်ထားတဲ့ ထိုင်ခုံငါးခုံကို ကားမထွက်ခင်
သုံးနာရီကြိုတင်ပြီး ရောင်းချပိုင်ခွင့်ရှိပါတယ်''ဟု ၄င်းက ပြောသည်။ အဆိုပါချန်ထားသည့် ထိုင်ခုံ
ငါးခုံသည် ကားလက်မှတ်ရရှိရန် အခက်အခဲဖြစ်သူများကို ရောင်းချပေးရန်ဖြစ်သည်ဟု ၄င်းက
ဆိုသည်။















