ပြီးခဲ့သည့်နှစ်သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုဇုန်အတွင်း
ဘုရား၊ စေတီများပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အထဲမှ ပျက်စီးမှုကြီးမားခဲ့သည့်ဘုရားများကို ဧပြီလ
နောက်ဆုံးပတ်အတွင်း၌ စတင်ပြုပြင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသား
ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူ းဦးအောင်အောင်ကျော်က ယခုလ ၂၃ ရက်က
ပြောသည်။
''ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ပြင်ဆင်သွားပါမယ်။ ယူနက်စကိုက
အကြံပြုချက်တွေလည်းပါတယ်။ ပြင်ဆင်မှုစလုပ်မယ့်အချိန်ကိုတော့ လာမယ့် ဧပြီလနောက်ဆုံး
ပတ်အတွင်းလို့ သတ်မှတ်ထားပါတယ်။ ပြင်ဆင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ'' ဟု
၄င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၏ အနောက်တောင်ဘက်
၂၁ မိုင်အကွာကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်
အတွင်းရှိ ဘုရားအဆူပေါင်း ၄ဝဝ နီးပါးပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါဘုရားများထဲမှ အကြီးစား
ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဘုရားအဆူ ၅ဝ ခန့် ရှိသည့်အထဲတွင် လူသိများထင်ရှားသည့် စူဠာမဏိ၊
ပြာသာဒ်ကြီး၊ လောကနန္ဒာ စသည့်ဘုရားများ ပါဝင်နေသည်။
အဆိုပါ ပျက်စီးမှုကြီးမားသည့်ဘုရားများကို လာမည့်ဧပြီနောက်ဆုံးပတ်အတွင်း၌ ပြင်ဆင်ခြင်း
လုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပညာရှင်များနှင့်
ဆောက်လုပ်ရေးဌာနဘက်က ပုဂံဘုရားများပြင်ဆင်ရန် သီးသန့်ဖွဲ့ပေးထားသည့် အင်ဂျင်နီယာများ
ပူးပေါင်းကာ ပြင်ဆင်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများ
ဖြစ်ပေါ်ခဲ့သည့်ဘုရားများကိုပြင်ဆင်ရန် ပထမအဆင့်ဦးစားပေး၊ ဒုတိယအဆင့်ဦးစားပေးနှင့်
တတိယအဆင့်ဦးစားပေးဟု ခွဲခြားထားကြောင်းနှင့် အကြီးစားပျက်စီးမှုရှိသည့်ဘုရားများကို
ပထမအဆင့်ဦးစားပေးဟု သတ်မှတ်ထားကြောင်းဦးအောင်အောင်ကျော်က ပြောသည်။
''အကြီးစားပြင်ဆင်မယ့် ဘုရားတွေထဲကမှ တချို့ဘုရားတွေက တစ်နှစ်လောက်နဲ့ ပြီးစီးနိုင်တယ်။
တချို့ဘုရားတွေကျ သုံးနှစ်လောက်အထိအချိန်ယူပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်''ဟု ဦးအောင်အောင်
ကျော်ကပြောသည်။ ပျက်စီးမှုကြီးမားသည့်အတွက် အချိန်သုံးနှစ်ခန့်ယူပြီး ပြင်ဆင်ရမည့်ဘုရား
များတွင် စူဠာမဏိ၊ သဗ္ဗညု စသည့်ဘုရားများပါဝင်နေကြောင်းနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးမှု
နည်းပါးခဲ့သည့် တတိယအဆင့် ဦးစားပေးဘုရား၂၂၄ ဆူကို ပြီးခဲ့သည့်နှစ်အတွင်းကပင် ပြင်ဆင်
မှုများ လုပ်ဆောင်ခဲ့ရာ လာမည့်ဧပြီလပထမပတ်အတွင်း၌ ၂၂၄ ဆူစလုံး ပြီးစီးမည်ဖြစ်သည်။















