မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာပုံ (စ) စျေးဆိုင်ခန်းခများကို လက်ရှိနှုန်းထားမှ ရ၅ဝ
ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ကို ဖြေလျှော့ပေးရန်ဆိုင်ခန်းရှင်များက သက်ဆိုင်ရာသို့တင်ပြ
တောင်းဆိုထားကြောင်း ဆိုင်ခန်းရှင်အချို့က ပြောကြားသည်။
ရတနာပုံ (စ) စျေးတိုက်ခန်းခများကို လာမည့်ဧပြီ ၁ ရက်မှစတင်ပြီး လက်ရှိကောက်ခံနေသော
နှုန်းထားဖြစ်သည့်တစ်လလျှင်ကျပ် ၄,ဝဝဝ မှ ကျပ် ၃ဝ,ဝဝဝ သို့ ပြောင်းလဲကောက်ခံသွားမည်
ဖြစ်ရာ အဆိုပါနှုန်းထားကိုဆိုင်းငံ့ပေးရန်နှင့် တစ်လလျှင်ကျပ် ၆,ဝဝဝ သာကောက်ခံရန်ဆိုင်ခန်း
ရှင်များအားလုံး စုပေါင်းလက်မှတ်ရေးထိုးကာ မတ် ၂၃ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ
တင်ပြထားကြောင်း ဆိုင်ခန်းရှင်တစ်ဦးဖြစ်သူဦးလှရွှေက ပြောသည်။
''မနှစ်က ကျပ် ၂,ဝဝဝ ကနေ ကျပ် ၄,ဝဝဝ တက်ပါတယ်။ ဒီနှစ်မှာ ကျပ် ၄,ဝဝဝ ကနေ ကျပ်
၃ဝ,ဝဝဝ ဆိုတော့ ရ၅ဝ ရာခိုင်နှုန်းအထိတက်လိုက်တော့ ကျွန်တော်တို့ တုန်လှုပ်ကြရပါတယ်။
ဒီလူနေဆိုင်ခန်းတွေက ဝင်ငွေနည်းပြည်သူတွေ၊ အငြိမ်းစားတွေလည်း ရောနှောနေထိုင်နေကြ
တာပါ။ စည်ပင်သာယာပိုင်မြေပေါ်မှာ ကန်ထရိုက်တွေကဆောက်လုပ်ပြီး ကာလပေါက်စျေးနဲ့
ဝယ်ယူနေထိုင်ကြတာပါ။ အခွန်အဆမတန်တိုးမြှင့်လိုက်လို့ ကြံုရမယ့်လူမှုဒုက္ခတွေရှိလို့ ဖြည်း
ဖြည်းသက်သာပဲ တိုးမြှင့်စေလိုပါတယ်''ဟု ဦးလှရွှေက မတ် ၂၄ ရက်တွင် ပြောသည်။
ရတနာပုံ (စ) စျေးတွင် ဆိုင်ခန်းပေါင်း ၁၂ဝ ကျော်ရှိပြီး ဆိုင်ခန်းရှင်များအားလုံးနီးပါး လက်မှတ်
ရေးထိုးတင်ပြထားကြောင်း၊ အခွန်ကိုတိုးမြှင့်ကောက်ခံ၍ တည်ဆောက်ပြုပြင်ရမည်မှန်း
သဘောပေါက်သော်လည်း ရုန်းကန်နေကြရသူများအတွက် တစ်ဆင့်ချင်းတိုးမြှင့်ကောက်ခံစေလို
ကြောင်းပြောသည်။
စည်ပင်သာယာစျေးဌာနခွဲမှ ဌာနခွဲမှူ းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်
စျေးများ၏ အတည်ဆိုင်ခန်းခ၊ လူနေဆိုင်ခန်းခနှင့် နေရာလွတ်များငှားရမ်းခ နှုန်းထားများတိုးမြှင့်
ကောက်ခံရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်
(၂/၂ဝ၁၇) အရ အတည်ပြုပြီးဖြစ်သဖြင့် ကော်မတီပိုင်စျေးများအလိုက် နောက်ဆက်တွဲပါတိုးမြှင့် သတ်မှတ်သည့်နှုန်းထားများအတိုင်း အတည်ဆိုင်ခွန်များကို ဧပြီလမှစ၍ ပြင်ဆင်ကောက်ခံသွား
ရန်၊ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် မှတ်ပုံတင်ကြေးလိုငွေများကို ဧပြီလတွင် အတည်ဆိုင်ခွန်များနှင့်အတူ
တစ်ပါတည်းကောက်ခံသွားရန် မတ် ၉ ရက်ရက်စွဲဖြင့်သက်ဆိုင်ရာစျေးကောက်များနှင့် စျေး
အကျိုးတော်ဆောင်များထံ အသိပေးအကြောင်းကြားထားသည်။
















