မီးသတ်ကားသုံးစီတပြိုင်နက် ရေဖြည့်တင်းစုပ်ယူနိုင်မည် စီမံချက်နှင့်အတူ စောင့်ကြည့်ကင်မရာများနှင့် တစ်မြို့လုံးကိုစောင့်ကြည့်

မီးသတ်ကားသုံးစီတပြိုင်နက် ရေဖြည့်တင်းစုပ်ယူနိုင်မည် စီမံချက်နှင့်အတူ စောင့်ကြည့်ကင်မရာများနှင့် တစ်မြို့လုံးကိုစောင့်ကြည့်

မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် မီးသတ်တာဝန်ရှိသူများ
အသိပညာပေး ဟောပြောခြင်းများနှင့်အတူ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက
အချိန်မီ မီးငြိမ်းသတ်နိုင်ရန် နှင့် သတင်းအ ချက်အလက်လျှင်မြန်စွာသိရှိနိုင်ရန်အတွက်
စောင့်ကြည့်ကင်မရာများဖြင့် မန္တလေးမြို့ တစ်မြို့လုံးကို ၂၄ နာရီစောင့်ကြည့်ခြင်းများ
လုပ်ဆောင်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊လုံခြံုရေးနှင့်
နယ်စပ်ရေးဝန်ကြီးက ပြောသည်။

''မီးဘေးအန္တရာယ်ဖြစ်လာပြီးဆိုတာနဲ့ မီးငြိမ်းသတ်ရာမှာ ရေလုံလောက်မှုနဲ့
အချိန်မီငြိမ်းသတ်နိုင်စေဖို့ လမ်း၈ဝ နဲ့ ၂၂ လမ်းထောင့်မှာ မီးသတ်ရေကား
သုံးစီးတစ်ပြိုင်နက် ကျံုးရေကနေ ရေဖြည့်တင်း စုပ်ယူနိုင်ဖို့ သက်ဆိုင်ရာဌာနကနေ
စီမံချက်နဲ့ လုပ်ဆောင် နေတယ်။ရေရရှိနိုင်ဖို့ မြို့နယ်တွေမှာ မြစ်၊ချောင်း၊ အင်းအိုင်၊
အုတ်ရေကန် ၊သဘာဝရေကန် ၊ရေတွင်း ၊ရေပိုက်ခေါင်း၊ အမြင့်ရေစင်တွေရဲ့
တည်နေရာစာရင်းတွေကိုလည်းပြုစုထားရှိပါတယ်။ ကောက်ယူထားတဲ့ စာရင်း
ဇယားတွေကိုလည်းမီးသတ်ယာဉ်တွေမှာ မြေပုံအညွှန်းနဲ့ ကပ်ပေးထားမှာဖြစ်ပါတယ်။
မြို့နယ်အလိုက် လက်ကိုင်စကားပြောစက်တပ်ဆင်အသုံးပြုတာတွေ၊ ဒါအပြင် တစ်မြို့ကို
မြင်နိုင်တဲ့ စျေးချိုတော် ၂၅ ထပ်ကနေ အသင့်စောင့်ကြည့်ကင်မရာတွေနဲ့ ဗဟိုမီးသတ်
ဦးစီးကနေ အလှည့်ကျတာဝန်တွေအနေနဲ့ စောင့်ကြည့်ပြီးသတင်းအချက်အလက်ကို
အမြန်ဆုံးရယူနေသလို မီးသတ်ကားတွေရဲ့ လမ်းကြောင်းတွေကို သိရှိနိုင်ဖို့နဲ့
အနီးကပ်ကြီးကြပ် ကွပ်ကဲနိုင်ဖို့ ဂျီပီအက်စ် တွေကိုလည်းတပ်ဆင်ထားပြီးပါပြီ။ ခရိုင်တွေနဲ့
တိုင်းဒေသကြီးအတွင်းမှာ မီးငြိမ်းသတ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေး ရေတွေကလည်း
အသင့်အနေအထားရှိနေပါပြီ'' ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊လုံခြံုရေးနှင့်
နယ်စပ်ရေးဝန်ကြီးက ဗိုလ်မှူးကြီးမျိုးမင်းအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များကို
မြို့နယ်အလိုက်ဖွဲ့စည်းထားရာ စုစုပေါင်း သံတေ မီးသတ်တပ်ဖွဲ့ဝင် ရ၉၈ ဦး၊ အရံ
မီးသတ်တပ်ဖွဲ့ဝင် ၃၄,၂၁၁ ဦး ၊ သီးသန့်မီးသတ် တပ်ဖွဲ့ ဝင် ၂,၃၃၂ ဦးနဲ့ မီးသတ်စက်
ယာဉ် ၅၂ဝ ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ¤င်းကဆိုသည်။ မန္တလေးတိုင်းဒေသကြီး
အတွင်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ
မီးလောင်ကျွမ်းမှု ၂၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ၊ စက်ရုံနှင့် ဂိုဒေါင် စုစုပေါင်း
၅၉၁ ခုပျက်စီးဆုံးရှုံးခဲ့ပြီး လူရှစ်ဦး သေဆုံးကာ ၊ ဒုက္ခသည် ၅၆၇ ဦး နှင့်
တိရစ္ဆာန်အကောင် ၅,ဝဝဝ ကျော် မီးဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းခြေတန်ဖိုး
ကျပ်သိန်း ၁၂,၅၈၂ သိန်းရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ တွက်ချက်မှု အရသိရသည်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ မန္တလေးခရိုင်
တစ်ခုတည်း အတွင်း မီးလောင်ကျွမ်းမှု ၂၅ မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၆၈ လုံး၊ ပျက်ဆီး
ဆုံးရှုံးကာ လူသုံးဦးသေဆုံးပြီး ၊ ဒုက္ခသည် ၆၈ ဦး မီးသင့်ခဲ့သည်။ခန့်မှန်းဆုံးရှုံးမှု
တန်ဖိုး ကျပ်သိန်း ရ၅ဝ ကျော်ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှသိရသည်။

မီးငြိမ်းသတ်နိုင်ရန်အတွက် ပြင်ဆင်မှုများနည်းတူ တရားမဝင် အထိုင်စက်သုံးဆီ
ရောင်းဝယ် သည့်ဆိုင်များနှင့် မော်တော်ကားငယ်များဖြင့် လှည့်လည်ရောင်းချသည့်
အရောင်းဆိုင်များကိုလည်း စိစစ်ပြီးအရေး ယူခြင်းများကို လုပ်ဆောင်နေကြောင်း
ဗိုလ်မှူးကြီးမျိုးမင်းအောင်က ဆိုသည်။

မန္တလေးခရိုင်အတွင်း အထိုင်စက်သုံးဆီအရောင်းဆိုင် နှစ်ဆိုင်၊ လှည့်လည်အရောင်းဆိုင်
လေးဆိုင်၊ ကျောက်ဆည်ခရိုင်တွင် အထိုင်ဆိုင်တစ်ဆိုင်၊ လှည့်လည်အရောင်းဆိုင် ၁ဝ ဆိုင်
နှင့် ညောင်ဦးခရိုင် တွင် အထိုင်ဆိုင်တစ်ဆိုင် နှင့် လှည့်လည်အရောင်းဆိုင်
သုံးဆိုင်တို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း ၄င်းကဆိုသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး