သင်္ကြန်တွင်းကာလများတွင် ခရီးသွားသူနည်းပါးသောကြောင့် တပြည်လုံးရှိ ရထား
ခရီးစဉ်တချို့ကို ရပ်နားထားမည်ဖြစ်ကာ သင်္ကြန်ပြီးဆုံးချိန်တွင် ပုံမှန်အတိုင်းပြန်လည်
ပြေးဆွဲသွား မည်ဖြစ်ကြောင်း မန္တလေးဘူတာကြီးရုံပိုင်ကြီး ဦးညိမ်းမောင် ကပြောသည်။
သင်္ကြန်တွင်းကာလဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ရထားခရီးစဉ်တချို့ကို
ရပ်နားထားမည်ဖြစ်ကာ ရပ်နားထား ချိန်တွင်ရထားများကို ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်မည်
ဖြစ်ကြောင်း၊ နှစ်စဉ်သင်္ကြန်တွင်း ကာလများတွင် ခရီးသွားလာသူနည်းပါးချိန်၌ ခရီးစဉ်တချို့ကို
ရပ်နားခြင်းဖြစ်ကြောင်း ဦးညိမ်းမောင်က ယခုလ ၃ ရက်နေ့တွင်ပြောသည်။
"ပထမဆုံး အမြန်ရထားတွေကို ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သုံးရက်ရပ်နားထားပါမယ်။
ခရီးသည်တွေက သင်္ကြန်မတိုင်ခင် သွားကြတာများပါတယ်။ မိမိတို့လုပ်ငန်းခွင်ကနေ
မိမိရပ်ရွာကိုပြန်ကြပါတယ်။ သင်္ကြန်တွင်းမှာတော့ မဖြစ်မနေသွားတဲ့ ခရီးသည်လောက်ပဲ
ရှိပါတယ်။ အဲဒါကြောင့် ခရီးစဉ်တချို့ကိုရပ်နား ထားမှာပါ။ရပ်နားတယ်ဆိုတာလည်း
အားလုံးကိုရပ်နားတာမဟုတ် ပါဘူး။ ဥပမာ ရန်ကုန်၊ မန္တလေးဆိုရင်တနေ့ သုံးကြိမ်ပြေးဆွဲရင်
အဲဒီရက်ဆိုရင် တစ်ကြိမ်ရပ်နားသွားမှာပါ" ဟု၎င်းကပြောသည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်မြန္တလေး (အမှတ်ြ၅ အဆန်၊ ၆ အစုန်) ၊ ရန်ကုန်ြမော်လမြိုင်
( ၃၅ အဆန်၊ ၃၆ အစုန်) ၊ မန္တလြေးမြစ်ကြီးနား ( ၃၇ အဆန်၊ ၃၈ အစုန်)၊ (၅၇ အဆန်၊ ၅၈ အစုန်)၊
ရန်ကုန်ြနေပြည်တော် (၇ အဆန်၊ ၈ အစုန်)၊ ရန်ကုန်ပြုဂံ (၆၁ အဆန်၊ ၆၂ အစုန်) ၊
ရန်ကုန်ြပြည်လမ်း ( ရ၁ အဆန်၊ ရ၂ အစုန်) ၊ တပြည်လုံးတွင် ပြေးဆွဲနေသည့် အာဘီအီးရထားများ၊
ခရီးတိုရထားများအားလုံးကိုရပ်နားထားမည်ဖြစ်သည်။
သင်္ကြန်မတိုင်ခင်ကာလများတွင် လုပ်ငန်းခွင်များမှ နေရပ်ပြန်သူ များပြားသောကြောင့် အထူး
ရထားပြေးဆွဲရန်စီစဉ်ထားပြီး ဧပြီလ ၈ရက်နေ့မှ စတင်ကာ တွဲဆိုင်းနှစ်ဆိုင်းဖြင့် ရန်ကုန်-မန္တလေး၊
ရန်ကုန်-နေပြည်တော် ပြေးဆွဲသွားရန် မျှော်လင့်ထားကြောင်း ဦးညိမ်းမောင်ကပြောသည်။
“သင်္ကြန်မတိုင်ခင် ခရီးသွားတဲ့သူများတဲ့အတွက် အဲဒီအတွက်လည်း အထူးရထားတွဲဆိုင်းနှစ်ဆိုင်းနဲ့
အသွားအပြန်ပြေးဆွဲပေးဖို့တော့ စီစဉ်ထားတယ်။ အစည်းအဝေးတော့မလုပ်ရသေးပါဘူး။
ကျွန်တော်တို့ မှန်းထားတာကတော့ ဧပြီလ ၈ ရက်နေ့လောက်ကစတင်ပြီးတော့ ပြေးဆွဲဖို့
လုပ်ထားပါတယ်"ဟု၎င်းကပြောသည်။















