မန္တလေး-မြစ်ကြီးနားပြေးဆွဲနေသည့် ရထားချိန်ပြောင်းလဲခြင်းများကို ယခုလ ၁ ရက်တွင် စတင်
ကြေညာခဲ့ပြီး ယခုလ ၅ ရက်မှ စတင်ပြီး အချိန်ဇယားအသစ်ဖြင့် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသည့် ခရီးစဉ်များအားလုံး၏ရထားချိန်များကို ပြောင်းလဲ
သတ်မှတ်ထားပြီး ယင်းသို့ ပြောင်းလဲသတ်မှတ်ထားသည့် အချိန်များနှင့်ဆက်စပ်သည့် အချို့
ခရီးစဉ်အချိန်များကိုလည်း ပြောင်းလဲသတ်မှတ်ထားကြောင်း မန္တလေးဘူတာကြီးမှ ရုံပိုင်ကြီး
ဦးညိမ်းမောင်က ပြောသည်။
မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေသည့်ရထားလမ်းပိုင်းတွင် သဘာဝဘေးအန္တရာယ်များကြောင့်
ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ထားသောကြောင့် ယင်းနေရာများတွင်
ထိန်းသိမ်းမောင်းနှင်ရပြီး ရထားဆိုက်ရောက်ချိန် မမှန်ကန်ခြင်းများရှိနေသောကြောင့် ရထားအချိန်
ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်း ဦးညိမ်းမောင်က ယခုလ ၃ ရက်တွင် ပြောသည်။
''အရင်တုန်းက မိုးတွေ၊ လေတွေကြီးလို့ တံတားပျက်စီးတာတွေ၊ ရထားလမ်းပျက်စီးတာတွေရှိပါ
တယ်။ အဲဒါတွေအားလုံးကိုလည်း ပြင်ဆင်ပြီးသွားပါပြီ။ ဒါပေမဲ့ အဲဒီလိုပြင်ဆင်ထားတဲ့နေရာတွေ
ကိုရောက်ရင် ပုံမှန်ပြေးဆွဲနေတဲ့ မိုင်နှုန်းတွေထက် လျှော့မောင်းရပါတယ်။ အဲဒီတော့ ရထားဆိုက်
ရောက်ချိန်တွေက မမှန်ပါဘူး။ ဒါကြောင့် ရထားအချိန်ဇယားတွေကို ပြန်ပြင်ဆင်လိုက်တာပါ။
ထွက်ခွာချိန်နဲ့ဆိုက်ရောက်ချိန်ကို အတိအကျ တွက်ထားပါတယ်။ ခရီးသည်တွေအားလုံး အဆင်
ပြေအောင်ဆောင်ရွက်ထားပါတယ်'' ဟု ဦးညိမ်းမောင်က ပြောသည်။
မန္တလေး-မစ်ကြီးနားပြေးဆွဲနေသည့် ရထားချိန်ပြောင်းလဲခြင်းများကို ယခုလ ၁ ရက်တွင် စတင်
ကြေညာခဲ့ပြီး ယခုလ ၅ ရက်မှစတင်ပြီး အချိန်ဇယားအသစ်ဖြင့် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်
သည်။
မန္တလေးမှ မြစ်ကြီးနားသို့ထွက်ခွာသည့် ရထားချိန်များကို ၄၁ အဆန်အတွက် ညနေ ၅ နာရီ ၄၅
မိနစ် (အထွက်) မှ နောက်ရက် ည ၈ နာရီ ၂၅ မိနစ် (အဝင်)၊ ၅၇ အဆန်အတွက် နံနက် ၉ နာရီ
(အထွက်) မှ နောက်ရက် နံနက် ၅ နာရီ ၄၅ မိနစ် (အဝင်)၊ ၃၇ အဆန်အတွက် နံနက် ၁၁ နာရီ
၃ဝ မိနစ် (အထွက်) မှ နောက်ရက် နံနက် ၆ နာရီ ၃ဝ မိနစ် (အဝင်)၊ ၅၅ အဆန်အတွက် ညနေ
၄ နာရီ (အထွက်) မှ နောက်ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် (အဝင်)၊ မန္တလေးမှ နဘားဘူတာ
အတွက် ၄၇ အဆန် နံနက် ၄ နာရီ ၂ဝ မိနစ်(အထွက်) ညဉ့် ၁ နာရီ ၅၅ မိနစ် (အဝင်) အဖြစ်
ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သည်။
ယင်းသို့ အချိန်ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆက်စပ်ခရီးစဉ်များဖြစ်သည့် မန္တလေး-မုံရွာ
၁၂၃ အဆန်ကို ပုံမှန်ပြေးဆွဲနေသည့်အချိန်ထက် နံနက် ၅ နာရီ ၃၅ (အထွက်) နံနက် ၁၁ နာရီ
၃၅ (အဝင်) အဖြစ်သို့လည်းကောင်း၊ မန္တလေး၊ ကောလင်း RBE ၅၃ အဆန်အတွက် ညနေ ၃
နာရီ ၃ဝ (အထွက်) ည ၉ နာရီ ၄၅ (အဝင်) အဖြစ်သို့လည်းကောင်း ပြောင်းလဲသတ်မှတ်ထား
သည်။
မြစ်ကြီးနားမှ မန္တလေးသို့ ပုံမှန်ထွက်ခွာနေသည့်အချိန်များကို ၃၈ အစုန်အတွက် နံနက် ၁၂ နာရီ
(အထွက်) နောက်ရက်နံနက် ၈ နာရီ (အဝင်)၊ ၅၆ အစုန်အတွက် နံနက် ၈ နာရီ ၃ဝ (အထွက်)
နံနက် ၃ နာရီ ၄၅ (အဝင်)၊ ၅၈ အစုန်အတွက် ညနေ ၄ နာရီ (အထွက်) မွန်းလွဲ ၁ နာရီ ၂ဝ
(အဝင်)၊ ၄၂ အစုန်အတွက် ၆နာရီ ၄ဝ (အထွက်) နံနက် ၉ နာရီ ၂ဝ (အဝင်) ၊ နဘားမှ မန္တလေး
သို့ ၄၈ အစုန်အတွက် မနက် ၆ နာရီ (အထွက်) နံနက် ၁ နာရီ (အဝင်) အဖြစ်သို့ ပြောင်းလဲသတ်
မှတ်ထားသည်။
''တစ်ရက်ကို မန္တလေး-မြစ်ကြီးနားခရီးစဉ်အတွက် ခရီးသည် ၂,၅ဝဝ၊ ၃,ဝဝဝ လောက်စီးပါတယ်။
အခုလို အချိန်တွေပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ခရီးသည်တွေလည်း ကိုယ်သွားချင်တဲ့
နေရာကို တွက်ချက်သွားလာလို့ ရပါတယ်။ တချို့ကလည်း မြစ်ကြီးနားကတစ်ဆင့် ဆက်လက်
ခရီးသွားတော့ တွက်ချက်လို့ရပါတယ်'' ဟု ဦးညိမ်းမောင်က ဆိုသည်။
''ကျွန်မတို့ မြစ်ကြီးနားကို အလည်သွားတုန်းက ထွက်ခွာချိန်နဲ့ဆိုက်ရောက်ချိန်က မှန်ပါတယ်။
သိပ်မကွာပါဘူး။ ဒါပေမဲ့အမြန်ကျတော့ ရထားချင်းဆုံလို့ဆိုပြီးတော့ ခဏရပ်စောင့်လိုက်ရပါတယ်။
အချိန်နှစ်နာရီလောက် ကြာသွားတာပေါ့။ လမ်းပိုင်းကတော့ အားလုံးအဆင်ပြေပါတယ်။ ပတ်ဝန်း
ကျင်အလှအပကိုခံစားရင် ခရီးသွားမယ်ဆိုရင် ရထားနဲ့ခရီးသွားရတာ အဆင်ပြေတယ်'' ဟု
အောင်မြေသာစံမြို့နယ်နေ မယမင်းစိုးက ပြောသည်။
















