လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လုပ်ငန်းရှင်များမှ နားလည်လက်ခံနိုင်ရန်အတွက် ဆွေးနွေးပွဲ
ပြုလုပ်ခြင်းကို မတ် ၃၁ က Hotel Marvel မှာပြုလုပ်ခဲ့ကြောင်း လိင်စိတ်ခံယူမှုကွဲပြားသူများ
(LGBT) ၏ မန္တလေးဌာနကိုယ်စားလှယ် ကိုဂန္ဓဝင်က ပြောသည်။
''လိင်စိတ်ခံယူမှုကွဲပြားသူတွေကို လုပ်ငန်းရှင်တွေက နားလည်ပေးဖို့ရယ်။ အလုပ်အကိုင်အခွင့်
လမ်းတွေ ပေါ်ထွက်လာဖို့ရယ်၊ လုပ်ငန်းရှင်တွေက ဘယ်လိုတာဝန်ယူမှုတွေ၊ တာဝန်ခံမှုတွေ
ဆောင်ရွက်ပေးဖို့အတွက်ဆွေးနွေးခဲ့တာပါ''ဟု ၄င်းက ပြောသည်။
လိင်စိတ်ခံယူမှုကွဲပြားသူများသည် အနည်းစုဖြစ်သည့်အတွက် လူအများစုမှ နားလည်ပေးရန်နှင့်
၄င်းတို့အတွက် အလုပ်အကိုင်များ ပိုမိုထွက်ပေါ်လာရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း
ကိုဂန္ဓဝင်က ပြောသည်။
လိင်စိတ်ခံယူမှုကွဲပြားသူများကို လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆွေးနွေးခြင်းများ၊ လိင်စိတ်ခံယူမှု
ကွဲပြားသူများ အဖွဲ့အစည်းအချင်းချင်း ဆွေးနွေးခြင်းများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများကိုသင်တန်း
ပေးခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကိုဂန္ဓဝင်က ပြောသည်။
''လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို စွမ်းဆောင်ရည်မြင့်မားဖို့ရယ်၊ အသက်အမွေးဝမ်းကျောင်း
အတွက်သင်တန်းတွေရယ်၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို တခြားသင်တန်းတွေပေးဖို့အစီအစဉ်
တွေ အများကြီးရှိပါတယ်''ဟု ၄င်းက ပြောသည်။















