ဘဏ္ဍာငွေ ကျပ်သန်း ၁ဝ,ဝဝဝ ကျော် စစ်ကိုင်းဒေသကြီး လွှတ်တော်လျှော့ချ

ဘဏ္ဍာငွေ ကျပ်သန်း ၁ဝ,ဝဝဝ ကျော် စစ်ကိုင်းဒေသကြီး လွှတ်တော်လျှော့ချ

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးအတွင်း မလိုအပ်သည့်စီမံကိန်းများအတွက်
ဘဏ္ဍာငွေများလျာထားမှုကို လျှော့ချသတ်မှတ်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး (၂) ကန့်ဘလူ
မဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါက်တာကျော်သူဟန်ထွန်းက ပြောသည်။

မတ် ၃ဝ ရက်တွင် ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ပြည်သူ့ဘဏ္ဍာငွေ
ကျပ်သန်းပေါင်း ၁ဝ,၂၁၆ ဒသမ ၆၅၉ သန်းအား လျော့ချနိုင်ခဲ့သည်ဟု ၄င်းက ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း လျာထားသတ်မှတ်ချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
များက မလိုအပ်သေးသည်များအား ပြန်လည်စိစစ်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းရပ်များတွင် ဥပဒေချုပ်
ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ငါးလုပ်ငန်း၊ သမဝါယမ၊ သယံဇာတ၊ အားကစား၊ စီမံဘဏ္ဍာ၊ မြို့ပြအိုးအိမ်၊
စည်ပင်ဆိုင်ရာလုပ်ငန်းများပါဝင်ခဲ့ပြီး လွှတ်တော်နည်းဥပဒေပုဒ်မ ၃၁(ထ) အရ လုပ်ငန်းတစ်ခု
ချင်းစီအလိုက် စိစစ်ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး