မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်းမှ ရွှေခုနစ်ပိဿာနီးနီး ထွက်ရှိ

မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်းမှ ရွှေခုနစ်ပိဿာနီးနီး ထွက်ရှိ

မဟာမုနိဘုရားကြီးရွှေမိုက်ထုတ်ခြင်းမှ ယခုနှစ်တွင်ရွှေပိဿာချိန် ခုနစ်ပိဿာနီးနီးထွက်ရှိကြောင်း
မိုက်သူကြီးဖြစ်သူ ဦးအောင်မိုးက မတ် ၃၁ ရက်က ပြောသည်။

''ဖေဖော်ဝါရီ ရ ရက်က စတင်လုပ်ဆောင်တာပါ။ ရွှေမိုက်ထုတ်တာ တစ်လကျော်လောက်တော့
ကြာပါတယ်။ ဒီနှစ်တော့ ခုနစ်ပိဿာနီးနီးထွက်ရှိပါတယ်။ မတ်လ ၂၉ ရက်က အားလုံးပြီးခဲ့တာပါ''
ဟု ၄င်းက ပြောသည်။

မဟာမုနိဘုရားကြီးတွင် ရွှေမိုက်ထုတ်လုပ်ခြင်းဆောင်ရွက်ခဲ့သည်မှာ ၆၇ ကြိမ်မြောက်ရှိပြီဖြစ်
ကြောင်း ယခုနှစ်ထွက်ရှိသည့် ရွှေပိဿာချိန်များအားလုံးကိုလည်း မဟာမုနိဘုရားကြီးဂေါပကထံ
အပ်နှံခဲ့ပြီးကြောင်း ဦးအောင်မိုးက ပြောသည်။

''ဘုရားကြီးဂေါပကထံကို မတ် ၂၉ ရက်ကတည်းက အပ်နှံပြီးပါပြီ။ ဂေါပကလူကြီးတွေကနေ
သြဝါဒခံဆရာတော်ကြီးများထံ ဆက်ကပ်ပူဇော်ပွဲတွေလည်း ပြုလုပ်သွားမှာပါ။ ရက်တော့အတိ
အကျ မသိသေးပါဘူး''ဟု ၄င်းက ပြောသည်။

ရွှေမိုက်ထုတ်ယူခြင်းသည် မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်း၌ရှိသည့် ရွှေမှုန့်များ၊
ဂွမ်းစများ၊ ကော်ဇောများ၊ သစ်စေးများ၊ ရွှေလှောင်စက္ကူများ၊ လက်သုတ်ပဝါများတွင် ရွှေမှုန့်များ
ကပ်နေသည်ကို ပြန်လည်ပြီး ရွှေသန့်ထုတ်ယူခြင်းဖြစ်ကြောင်း ဦးအောင်မိုးက ပြောသည်။

''ဂန္ဓကုဋီတိုက်အတွင်းမှာရှိတဲ့ ရွှေမှုန့်တွေကပ်နေတာတွေကို ပြန်လည်ပြီးတော့ ထုတ်ယူတာပါ။
အခုဆိုရင် ၆၇ ကြိမ်မြောက်တောင်ရှိခဲ့ပါပြီ။ နှစ်စဉ်လည်း ဖေဖော်ဝါရီလရောက်တိုင်း ရွှေမိုက်ထုတ်
ယူတာပါ'' ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး