ငှက်ဖျားရောဂါပိုးရှိသူ သတင်းပေးသူကို ငွေကျပ် ၅,ဝဝဝ ချီးမြှင့်ပေးနေ

ငှက်ဖျားရောဂါပိုးရှိသူ သတင်းပေးသူကို ငွေကျပ် ၅,ဝဝဝ ချီးမြှင့်ပေးနေ

ငှက်ဖျားရောဂါကာကွယ်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် မိမိပတ်ဝန်းကျင်တွင်
ငှက်ဖျားရောဂါပိုးရှိသူအကြောင်းကို လာရောက်သတင်းပေးပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)
၏အစီအစဉ်ဖြင့် သတင်းပေးသူကို ငွေကျပ် ၅,ဝဝဝ ဆုချီးမြှင့်နေကြောင်း ရောဂါပိုးမျိုးသယ်ဆောင်
သောပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန
(ရ.ပ.က.န) မှ မန္တလေးတိုင်းဆရာဝန်ကြီး ဒေါက်တာတင့်ဝေက မတ်လနောက်ဆုံးရက်သတ္တပတ်
က ပြောသည်။

''ငှက်ဖျားရောဂါက ပြည်သူ့ကျန်းမာရေးအတွက် ပြဿနာဖြစ်နေတယ်။ ဒါကြောင့်ငှက်ဖျားရောဂါကို ပိုမိုကာကွယ်နိုင်အောင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ကာကွယ်ရေးလုပ်တဲ့အခါမှာ သတင်းအချက်
အလက်ရရှိဖို့လိုသလို၊ ပြည်သူတွေ ပါဝင်လာဖို့လိုအပ်တယ်။ ဒါကြောင့် ဆုချီးမြှင့်တာမျိုးကိုလုပ်
ပေးတာပါ''ဟု ဒေါက်တာတင့်ဝေက ပြောသည်။

အဆိုပါအစီအစဉ်ကို ယခုနှစ်စကပင် ချီးမြှင့်မှုမျိုးလုပ်နေသော်လည်း လေးလနီးပါးရှိသည်အထိ
ပြည်သူများက လာရောက်သတင်းပေးမှုနှုန်းထားမှာ အနည်းငယ်နည်းပါးနေသည့်အတွက်
ပြည်သူများအနေဖြင့်လည်း ပိုမိုပါဝင်ပေးရန်လိုအပ်ကြောင်း ဒေါက်တာတင့်ဝေက ဆိုသည်။

''လာရောက်သတင်းပေးသူအရေအတွက်က တစ်လမှနှစ်ယောက်လောက်ပဲ ရှိတယ်။ ရောဂါရှိသူ
အကြောင်းကို ပိုပြီးလာပြောတော့ ကျွန်တော်တို့ ကျန်းမာရေးဌာနဘက်ကလည်း ကုသရေး၊
ကာကွယ်ရေးလုပ်ငန်းတွေကို ပိုပြီးအားစိုက်လုပ်လို့ရတယ်။ ပြည်သူက ငှက်ဖျားရောဂါရှိတယ်လို့
သတင်းလာပေးတယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ ငှက်ဖျားရောဂါပိုးရှိသူ အိမ်တင်မဟုတ်ဘူး။
ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ သေချာစိစစ်မှုတွေ လုပ်ဆောင်ပေးသွားမှာပါ'' ဟု ငှက်ဖျား
ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် ဆရာဝန်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄,၉ဝဝ
နီးပါးထိရှိခဲ့သော်လည်း ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလစတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူမှာ ၂,ဝဝဝ
ကျော်သာရှိကြောင်း၊ မန္တလေးတိုင်းအတွင်း၌ ငှက်ဖျားရောဂါရှိသူအများဆုံးမြို့နယ်မှာ သပိတ်ကျင်း
နှင့်စဉ့်ကူးမြို့နယ်တို့ဖြစ်ကြောင်းနှင့် ယခုနှစ်မှလာမည့် ၂ဝ၂ဝ ပြည့်နှစ်ကာလအတွင်း၌ မန္တလေး
တိုင်းဒေသကြီးကို ငှက်ဖျားရောဂါကင်းစင်သည့် တိုင်းဒေသကြီးဖြစ်လာရန် စီမံချက်ဖြင့် ရ.ပ.က.န
မှဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး