မေတ္တာပေါင်းကူးတံတား ပရဟိတအဖွဲ့နှင့်ပီတိဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကိုးကွယ်စရာဘုရား
ဆင်းတုတော်မရှိသော ကျေးရွာများအတွက် ဉာဏ်တော်တစ်ပေခန့်ရှိ ဘုရားဆင်းတုတော်များ
လှူဒါန်းသွားမည်ဖြစ်သည်။
''ဝေးလံခေါင်းပါးပြီး အမှန်တကယ် ကိုးကွယ်စရာဆင်းတုတော်မရှိတဲ့ ဒေသတွေကို ဦးစားပေး
လှူပေးမှာပါ။ အမှန်တကယ်လိုအပ်တဲ့ဒေသတွေအနေနဲ့လည်း အလှူခံနိုင်ပါတယ်''ဟု မေတ္တာ
ပေါင်းကူးတံတားပရဟိတအဖွဲ့မှ မမြင့်မြင့်သန်းက ပြောသည်။
မတ် ၃ ရက်က မေတ္တာပေါင်းကူးတံတား ပရဟိတအဖွဲ့၏ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု ပုံတောင်ပုံညာ တောင်ခြေအနီးရှိ
အုန်းပင်တောတိုက်တွင် တစ်ခါမှ ရှင်သာမဏေမပြုဖူးသေးသော ကလေး ၃၈ ဦးကို ရှင်ပြုလှူဒါန်း
ရင်း ကိုးကွယ်စရာဘုရားဆင်းတုတော်မရှိသည့် အိမ်များသို့ဘုရားဆင်းတုတော်အဆူ ၅ဝ လှူဒါန်း
ပေးခဲ့သည်။
''အုန်းပင်တောရွာမှာ ရှင်ပြုပွဲလုပ်ရင်းနဲ့ ဘုရားဆင်းတု ၅ဝ လှူခဲ့တော့ အနီးအနားက ရွာတွေ
ကလည်း ရချင်တယ်ပြောတယ်။ သူတို့ရွာတွေမှာလည်း မရှိတော့ ကျွန်မတို့အဖွဲ့ ကနေ ဆက်ပြီး
အလှူခံပေးထားတယ်။ မေလ ပထမပတ်ထဲမှာ ပုံတောင်ပုံညာ တောင်ခြေနားက ကျေးရွာတွေမှာ
ဆင်းတုတော် ၄ဝဝ လောက် သွားလှူမှာ''ဟု မမြင့်မြင့်သန်းက ပြောသည်။















