ကျေးရွာ ၂၆,ဝဝဝ ကျော် မီးလင်းရန် လိုအပ်နေ

ကျေးရွာ ၂၆,ဝဝဝ ကျော် မီးလင်းရန် လိုအပ်နေ

ကျန်ရှိသည့် ကျေးရွာများကို ၂ဝ၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  
ဆင်းရဲမှု လျှော့ချရေးနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထဲမှ ကျခံသုံးစွဲသွားမည် ...

မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာများမီးလင်းရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏
စီစဉ်ဆောင်ရွက်မှုနှင့်အတူ ကိုယ်ထူ ကိုယ်ထ ကျေးရွာမီးလင်းရေးအဖွဲ့များ လုပ်ဆောင်နေသော်လည်း
တိုင်းဒေသကြီးတစ်ခုလုံးအတွင်း မီးလင်းရန် ကျန်ရှိနေသေးသည့် ကျေးရွာ ၂၆,ဝ၃၂ ရွာ ကျန်
ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင် နှင့် ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

''တိုင်းတစ်ခုလုံးမှာ မီးလင်းဖို့ ကျန်နေတဲ့ ကျေးရွာ ၂၆,ဝ၃၂ ရွာ ကျန်နေသေးတယ်။
ခရိုင်အားဖြင့် ပြောမယ်ဆိုရင် ပျမ်းမျှမီးလင်းဖို့ ကျန်နေသေးတဲ့ရွာက ခရိုင်တစ်ခုကို
ကျေးရွာ ၃၇၆ ရွာ ရှိနေတယ်။ အဲဒီထဲကမှပျမ်းမျှမီးလင်းဖို့ ကျန်နေသေးတဲ့ ရွာထက် လွန်နေတာက
နံပါတ် (၁) မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်အတွင်းမှာ ကျန်နေတာ ရ၆၄ရွာထိ ရှိနေပြီး၊ နံပါတ်
(၂) ကတော့ မြင်းခြံခရိုင်ပါ။ မြင်းခြံခရိုင်အတွင်းမှာ ကျေးရွာ၄၄၃ ရွာထိကျန်နေသေးတယ်။
ခရိုင်အားလုံး တစ်ပြေးညီဖြစ်ဖို့ ထည့်သွင်းစဉ်းစားထားပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇာနည်အောင်က
ပြောသည်။

အစိုးရအဖွဲ့က ကျေးရွာမီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် လွှတ်တော်အတွင်း
ကတိကဝတ်ပြုထားသည့် ကျေးရွာများကို ဦးစားပေးလုပ်ဆောင်ပေးကြောင်း၊အစိုးရအဖွဲ့
ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ခရီးစဉ်များအတွင်း ကတိကဝတ် ပြုလာခဲ့သည့်
ကျေးရွာများကိုလည်း ဦးစားပေး လုပ်ဆောင်ပေးနေသော်လည်း ကျန်ရှိခဲ့သည့် ကျေးရွာများကို
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆင်းရဲမှုလျှော့ချရေးဒေသဖွံ့ဖြိုးရေးရန်ပုံငွေရှိသည့်
အတွက် ၂ဝ၁၆ - ၁၇ ဘဏ္ဍာနှစ်အတွင်း ၄င်းရန်ပုံငွေထဲမှ လျှပ်စစ်ကဏ္ဍအတွက် ၁ ဒသမ
၇ ဘီလျံ သုံးစွဲခွင့်ရခဲ့ပြီး ကျေးရွာ ၅၄ ရွာကိုမီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ကြောင်းဝန်ကြီးက
ဆိုသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွင်း၌လည်း လွှတ်တော်ကိုယ်စား
လှယ်များက မိမိတို့ဒေသ ကျေးရွာများအတွင်း လျှပ်စစ်မီးလင်းရေး လုပ်ဆောင်ပေးစေလိုကြောင်း
ကြယ်ပွင့်ပြမေးခွန်းများအများအပြား မေးမြန်းခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့်
မီးလင်းရေးလုပ်ဆောင်ပေးရန် ကျန်ရှိသည့်ကျေးရွာများကို ၂ဝ၁၇Ÿ၁၈ ဘဏ္ဍာနှစ်တွင်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆင်းရဲမှုလျှော့ချရေးနှင့် ဒေသဖွံ့ဖြိုးရေး
ရန်ပုံငွေထဲမှ ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး
ဝန်ကြီးဌာနထံမှ သိရသည်။

'' NEP Project (National Electrification Project) မှာ ပြည်ထောင်စု
အစိုးရက ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၃ဝဝ ရမယ်။ ချေးငွေ
ပထမအဆင့်အနေနဲ့ တင်ဒါလုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီ။ စီမံကိန်းရဲ့ ၁၁ KVA
လိုင်းရဲ့ လိုတဲ့ပစ္စည်းတွေကို တင်ဒါစနစ်နဲ့ လုပ်ဆောင်နေပြီ။ ရတဲ့ဘတ်ဂျက်နဲ့ဆို ကျေးရွာ ၃၉၃
ရွာမီးလင်းမယ်။ ဒါပေမဲ့ တိုင်းအစိုးရရဲ့ ဘတ်ဂျက်၊ ကိုယ်ထူ ကိုယ်ထနဲ့ ၃၉၃ ရွာထဲကမှ ၁၇၅
ရွာ ကတော့ မီးလင်းသွားပြီဖြစ်တယ်။ မီးလင်းခဲ့တဲ့ ၁၇၅ ရွာအတွက် ၁၁ KVA မိုင် ၂၁ဝ ၊
ထရန်စဖော်မာအလုံးပေါင်း ၁၇၅ လုံးကို တိုးတက်ရရှိလာမှာဖြစ်တော့ ဒါတွေကို အစီအစဉ်
သစ်ထဲမှာ ထည့်သွင်းလုပ်ဆောင်သွားပါမယ်'' ဟု ဝန်ကြီးဦးဇာနည်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး