သစ်တောကြိုးဝိုင်း ငါးခုကို ဘေးမဲ့တော သတ်မှတ်မည်

သစ်တောကြိုးဝိုင်း ငါးခုကို ဘေးမဲ့တော သတ်မှတ်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မော်လိုက်နှင့် ကလေးခရိုင်ရှိ သစ်တောကြိုးဝိုင်း ငါးခုကို ပေါင်း၍
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကလေးခရိုင်သစ်တော
ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မော်ဦးက ယခု လဆန်းပိုင်းတွင် ပြောသည်။

အဆိုပါဘေးမဲ့တောကို မဟာမြိုင်ဘေးမဲ့တောဟု အမည်ပေးထားပြီး လက်ရှိတွင် ၀န်ကြီးဌာနသို့
တင်ပြထားကြောင်းနှင့် ဘေးမဲ့တောအဖြစ် သတ်မှတ်ရန် လုပ်ဆောင် ရမည့် အဆင့်ဆင့်ကို
ဆောင်ရွက်လျက်ရှိ သည်။

မော်လိုက်နှင့် ကလေးခရိုင်အတွင်းရှိ နန်းစသဲ့၊ ဖုန်းပုံး၊ ပလင်၊ မဟာမြိုင်နှင့် အင်တိုင်းကုန်း
ကြိုးဝိုင်းများကို စုပေါင်းကာ ဘေးမဲ့တောအဖြစ် သက်မှတ်မည်ဖြစ်သည်။

သစ်တောကြိုးဝိုင်းပေါင်း ဧရိယာမှာ ၂၉၁,၆၈၀ ဧက ရှိသည်ဟု ၎င်းက ပြောသည်။

အဆိုပါဒေသကို ဘေးမဲ့တောအဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်၌
စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သစ်တောကြိုးဝိုင်းတွင် သစ်၊ ၀ါး ထုတ်လုပ်မှုများရှိသော်လည်း
ဘေးမဲ့တောအဖြစ် ထူထောင်ပြီးပါက သစ်နှင့် ၀ါးထုတ်လုပ်ရေး လုပ်ငန်းများကို ခွင့်ပြုတော့မည်
မဟုတ်ပေ။

"အရင်က သားငှက်တော်တော်စုံခဲ့တဲ့ နေရာ၊ စားကျက်မြေပျောက်ဆုံးမှုတွေကြောင့်ပေါ့။
တောပြန်ကောင်းလာမယ်ဆိုရင် ပတ်ဝန်းကျင်ကိုလည်း ထိန်းပြီးသားဖြစ်သွားမယ်ပေါ့" ဟု
ဦးအောင်မော်ဦးက ပြောသည်။

ယင်းဘေးမဲ့တောဧရိယာတွင် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ အင်၊ အင်ကြင်း စသည့်
သစ်အမျိုးအစားများ ပေါက်ရောက်သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး