ဧပြီလကုန်အထိ မုန်တိုင်းဖြစ်နိုင်ခြေ ထပ်မံမတွေ့ရသေးသော်လည်း မြန်မာနိုင်ငံအထက်
ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမိုးများ ဆက်လက် ရရှိနေနိုင်သေးကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမ·းချုပ်ဦးကျော်မိုးဦးက
ပြောသည်။
အနောက်ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအထက်ပိုင်းနှင့်
အလယ်ပိုင်း ဒေသများတွင် မိုးရရှိနေပြီး ဧပြီလကုန်အထိ နေရာကွက်၍ မိုးထစ်ချုန်းခြင်း၊
မိုးသီးေြ<ွကခြင်း၊ လေပြင်းတိုက်ခြင်း စသည့် မိုးလေဝသအခြေအနေများကို သတိပြုရန်
လိုအပ်နေသေးကြောင်း ¤င်းက ပြောသည်။
''ပြီးခဲ့တဲ့ရက်က မိုးဆက်တိုက်ရွာခဲ့တာကြောင့် နေ့အပူချိန်တွေ ကျဆင်းခဲ့ပေမယ့်
ဒီရက်ပိုင်းတွေမှာ ပြန်တိုးလာမယ့် အခြေအနေတော့ ရှိတယ်။ ကချင်ပြည်နယ်၊
ချင်းပြည်နယ်၊ ရှမ်း/မြောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာတော့ ဧပြီ ၂၉
ရက်လောက်အထိ မိုးရနိုင်သေးတဲ့အလားအလာတွေရှိတယ်'' ဟု ¤င်းက ဧပြီ ၂၄ ရက်က
ပြောသည်။
ဧပြီ ၂၆ ရက်နောက်ပိုင်းတွင် နေ့အပူချိန်များ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာနိုင်ခြေ
ရှိပြီး မေလ ပထမပတ်အထိ မုန်တိုင်းဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ
မရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူ း
ဦးကျော်လွင်ဦးက ပြောသည်။
''ဧပြီလကုန်အထိ မုန်တိုင်းဖြစ်နိုင်မယ့် အလားအလာတော့ မရှိသေးပါဘူး။ ထစ်ချုန်းမိုး၊
နေရာကွက်ကျား မိုးရွာသွန်းမှုတွေကတော့ဆက်ရှိနေနိုင်ပါတယ်။ မုတ်သုံလေကတော့
မေလ ဒုတိယ ၁ဝ ရက်ပတ်လောက်မှပဲပုံမှန်လောက် ဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးတိမ်တောင်အဖြစ်များတဲ့ ရာသီဖြစ်တဲ့အတွက် မိုးခြိမ်းသံကြားရင် ဘယ်ဒေသမဆို
သတိပြုသင့်ပါတယ်''ဟု ¤င်းက ဆိုသည်။
မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်လည်း ဘင်္ဂလားပင်လယ်အော်ဘက်မှ လာသည့်
တိမ်တိုက်များကြောင့် မိုးရရှိနိုင်သည့်အတွက် တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ကရင်၊
တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ပြင်မိုးလေဝသ အခြေအနေများကို
သတိပြုရန်လိုအပ်ကြောင်း ဦးကျော်မိုးဦးက ပြောသည်။
''ဧပြီလနဲ့ မေလတွေက မုန်တိုင်းဝင်နေကြကာလ ဖြစ်တယ်။ ဒီနှစ်မှာ သတိပြုမိတာ
ကတော့ ဧပြီလအတွင်းမှာ မိုးရွာသွန်းမှုတွေကြောင့် နေ့အပူချိန်တွေက မှန်းထားတာထက်
ကျနေတာကို တွေ့ရတယ်''ဟု ၄င်းကပြောသည်။
ဧပြီ ၂၅ ရက်မှ ၂၇ ရက်အတွင်း စစ်တိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်
နှင့် ချင်းပြည်နယ်တို့ ဆက်လက် မိုးထစ်ချုန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား
မှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ် တွန်းဇံ၊ ဟားခါး၊
မတူပီ၊ မင်းတပ်မြို့နယ်များမှ နေအိမ် ၄၇ လုံး၊မကွေးတိုင်းမှ နေအိမ် ၂၄၄ လုံး၊ ဧပြီ ၂၃
ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှ နေအိမ် ၃၄ လုံး၊ ရှမ်းပြည်နယ်
မိုးဆက်မြို့နယ်မှ နေအိမ် ၆၅ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ၂၄ ရက်နေ့က
တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် စစ်ကိုင်းတိုင်းမှ နေအိမ် ၄၂ လုံး ထိခိုက်ပျက်စီး
ခဲ့ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ ဧပြီ ၂၅ ရက်တွင်
စာရင်းအရသိရသည်။
ဧပြီ ၂ဝ ရက်မှ ၂၄ ရက်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် မိုးထစ်ချုန်းခြင်းနှင့် လေပြင်းတိုက်ခြင်းများကြောင့်နေ
အိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီးနေအိမ်နှင့် အဆောက်အအုံပေါင်း ၅ဝဝ နီးပါးထိခိုက်
ပျက်စီးခဲ့သည်။
ဆိုင်ကလုန်းမာရသာ၏ အရှိန်ကြောင့် ဧပြီ ၁၆ ရက်က ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊
ဝါးခယ်မ၊ လပွတ္တာ၊ မကွေးတိုင်း၊ မင်းဘူးမြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ရမ်းဗြဲ၊
မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ငပလီတို့တွင် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်းများ
ဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ပြီး
နေအိမ်နှင့် အဆောက်အအုံစုစုပေါင်း ၃ဝဝ နီးပါး ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါမုန်တိုင်းနှင့်
ဆက်စပ်သေဆုံးသူ သုံးဦးရှိခဲ့သည်။
















