မန္တလေးတိုင်းဒေသကြီးတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်ချက် ၉၉ ရာခိုင်နှုန်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်ချက် ၉၉ ရာခိုင်နှုန်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၆-၁၇ ပညာသင်နှစ် အတန်းကူးပြောင်းမှုစာရင်း
(အောင်စာရင်း) ၌ စတုတ္ထတန်းတွင် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းနှင့် အဋ္ဌမတန်း ၉၉
ဒသမ ၉၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အခြေခံပညာ 
ဦးစီးဌာနစာရင်းများအရ သိရသည်။

စတုတ္ထတန်းတွင် ၁၁၉,၅၉၃ ဦး စာရင်းရှိပြီး ၁၁၆,၄၄၁ ဦး ဝင်ရောက်ဖြေဆိုရာ
ကျရှုံးသူ တစ်ဦးသာရှိခဲ့သည်။ အဆိုပါကျရှုံးသူတစ်ဦးမှာ ကျောက်ဆည်ခရိုင်
တံတားဦးမြို့နယ်က ဖြစ်ပြီး ကျန်သည့်ခရိုင်များတွင် ရာနှုန်းပြည့် အောင်မြင်ခဲ့သည်။

အဋ္ဌမတန်းတွင် ၈၂,၇၈၉ ဦး စာရင်းရှိပြီး၈၁,၅၈၇ ဦး ဝင်ရောက်ဖြေဆိုရာ ကျရှုံးသူ
၃၁ ဦး ရှိခဲ့သည်။ အဆိုပါ ကျရှုံးသူများမှာ ကျောက်ဆည်ခရိုင်က ရှစ်ဦး၊ ညောင်ဦးခရိုင်မှ
သုံးဦး၊ ပြင်ဦးလွင်ခရိုင်က တစ်ဦး၊ မန္တလေးခရိုင်က တစ်ဦး၊ မိတ္ထီလာခရိုင်က၁၇ ဦးနှင့်
မြင်းခြံခရိုင်က တစ်ဦးတို့ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် ရမည်းသင်းခရိုင်
တစ်ခုတည်းသာ ရာနှုန်းပြည့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး