မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်
အများပြည်သူ ပူးပေါင်းပါဝင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ မိတီ္ထလာမြို့တွင်
ဒေသခံများစုပေါင်းပြီး မြို့တွင်း၌ မူးယစ်ဆေးဝါး အသိပညာပေး လူထုလှုပ်ရှားမှု
ပြုလုပ်ခဲ့သည်။
ယခုလ ၂၄ ရက်တွင် မိတ္ထီလာမြို့ရှိ ဒေသခံလူငယ် ၆ဝ ဝန်းကျင်ခန့်က လူထု
လှုပ်ရှားမှုအဖြစ် မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆိုင်းဘုတ်ထောင်ခြင်း၊
မြို့တွင်း လှည့်လည်ေြ<ွကးကြော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊မူးယစ်ဆေးဝါး
ပပျောက်ရန် အများပြည်သူပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ယင်းပွဲကိုဦးဆောင်သူ
ကိုနန်းဝင်းမောင်က ယခုလ၂၄ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
''မူးယစ်ဆေးဝါး ပြဿနာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများအပြား ရှိနေသေးတယ်။
ဒီမူးယစ်ဆေးဝါးတွေကြောင့်လည်း ပြည်သူတွေ စီးပွားရေးအဆင်မပြေ ဖြစ်လာတယ်။
အခု မူးယစ်ဆေးဝါးမိနေတယ်ဆိုတာကလည်း အဖျားအနားတွေပါ။ တကယ်
လက်ကြီး လုပ်ကိုင်နေတဲ့လူတွေကို မမိသေးပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း
အရင်က မူးယစ်ဆေးဝါး လောကက လာခဲ့တဲ့လူဆိုတော့ သိတယ်။ ပြည်သူတွေက
စားစရာမရှိတော့ ဒီမူးယစ်ဆေးဝါးကို အလွယ်လုပ်နေသေးတယ်။ လူငယ်တွေလည်း
အကုန်ထောင်ထဲရောက်နေတယ်။ တိုင်းပြည်အတွက် အရမ်းနစ်နာနေပါတယ်။
ဒါကြောင့်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ လူထုပူးပေါင်းပါဝင်လာဖို့ အခုလို
ပြုလုပ်တာပါ။ ကျွန်တော်အကြံပြုချင်တာကတော့ မူးယစ်ဆေးဝါးကို
ရောင်းဝယ်ဖောက်ကားတဲ့ လူမိတယ်ဆိုရင် တစ်ခါတည်း သေဒဏ်လိုပြစ်ဒဏ်မျိုးပေး
စေချင်ပါတယ်'' ဟုကိုနန်းဝင်းမောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိတွင် တက္ကသိုလ်ကျောင်းများရှိ လူငယ်များကြားတွင် မူးယစ်ဆေးဝါး
အလွယ်တကူ ပျံ့နှံ့မှု များပြားလာပြီး အနာဂတ်လူငယ်များအတွက် စိုးရိမ်ဖွယ်
ဖြစ်လာကြောင်း၊ မူးယစ်ဆေးဝါး အလွယ်တကူရရှိနိုင်သည့် အကျိုးဆက်အဖြစ်
မြို့တွင်း၌လုယက်မှုများ ဖြစ်ပွားလာကြောင်းမိတ္ထီလာဒေသခံ ကိုညိုဝင်းက
သုံးသပ်သည်။
''ဒီနေ့ပွဲမှာ လက်ရှိမူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်ထားတဲ့လူငယ်လေးတွေ၊
နောက်ရောင်းဝယ်ဖောက်ကားမှုကြောင့် ထောင်ကျပြီး လွတ်မြောက်လာတဲ့
ကလေးတွေပါတယ်။ ပြည်သူတွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်
သိလာမယ်ဆိုရင် တားဆီးနိုင်မှာပါ။ မူးယစ်ဆေးဝါး ဖမ်းဆီးနေမှုတွေနဲ့
ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆွေးနွေးကြည့်တဲ့နေရာမှာ
သူတို့မှာလည်း အခက်အခဲလေးတွေ ရှိနေတာတွေ့ရပါတယ်။ အဲဒီကြောင့် လူထု
ပူးပေါင်းပါဝင်ဖို့ကလည်း အရေးကြီးပါတယ်''ဟု ၄င်းကပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအနက်
မှုခင်းပြီးမြောက်သည့် ကျပ်သန်းပေါင်း ၅,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး
များကို၂ဝ၁၆ ခုနှစ်၊ ဇွန်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့သည်။















