ပန်းချီဆရာ အုန်းမြင့်ဝင်း၏ ပန်းချီပြပွဲပြသ

ပန်းချီဆရာ အုန်းမြင့်ဝင်း၏ ပန်းချီပြပွဲပြသ

ပန်းချီဆရာအုန်းမြင့်ဝင်း၏ ခြောက်ကြိမ်မြောက် ပန်းချီပြပွဲကို မန္တလေးတောင်ခြေရှိ 
ပန်းချီပြခန်းတွင် ၂၉ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း ပန်းချီဆရာ အုန်းမြင့်ဝင်းက 
ယခုလ ၂၅ ရက်တွင် ပြောသည်။

အဆိုပါပြပွဲတွင် ပန်းချီကားပေါင်း၃၃ ကား ပြသခြင်းဖြစ်ပြီး ရေဆေးပန်းချီနှင့် ဆီဆေး
ပန်းချီ အမျိုးအစားများဖြစ်ကာ ပြပွဲကို မြန်မာ့အလှပုံရိပ်များနှင့် ရောင်စုံလွင်ပြင်
ခြောက်ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲဟု နာမည်ပေးထားကြောင်း
ပန်းချီဆရာ အုန်းမြင့်ဝင်းက ပြောသည်။

''အရွယ်အစားတွေအနေနဲ့ ၁၄လက်မနဲ့ ၁၈ လက်မ အရွယ်ကနေလေးပေနဲ့ ရှစ်ပေ
အရွယ်အထိ ပြသထားပါတယ်။ ပန်းချီဝါသနာပါတဲ့သူတွေ လာရောက် ကြည့်ရှုနိုင်
ပါတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါ ပန်းချီပြပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး