မန္တလေးတိုင်းအတွင်း၌ လူမှုရေးပင်စင် လျှောက်ထားသူ ဘိုးဘွား အရေအတွက် ၄,ဝဝဝ ကျော်ရှိ

မန္တလေးတိုင်းအတွင်း၌ လူမှုရေးပင်စင် လျှောက်ထားသူ ဘိုးဘွား အရေအတွက် ၄,ဝဝဝ ကျော်ရှိ

ယခုဘဏ္ဍာနှစ်မှ စတင်သည့် သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေအရ ပေးအပ်မည့် လူမှုရေး
ပင်စင်အတွက် လျှောက်ထားသည့် ဘိုးဘွားအရေအတွက်မှာ မန္တလေးတိုင်းအတွင်း၌ 
၄,၆ဝဝ ကျော်ရှိကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူ း ဒေါ်ဖြူဖြူခိုင်က
ယခုလ နောက်ဆုံးရက်သတ္တပတ်အတွင်း ပြောသည်။

''လျှောက်ထားတဲ့ ဘိုးဘွားအရေအတွက်က ၄,၆ဝဝ ကျော် ရှိနေတယ်။ ဒါပေမဲ့
တချို့လျှောက်ထားတဲ့ ဘိုးဘွားတွေမှာ မှတ်ပုံတင်မရှိတာ၊ အိမ်ထောင်စုဇယား
မရှိတာတွေရှိနေတယ်။ ဒါတွေကို အခု စိစစ်ရေးတွေလုပ်ဆောင်နေရတယ်။ တချို့
ဘိုးဘွားတွေကတော့ ပြည့်စုံမှုရှိပါတယ်''ဟု ဒေါ်ဖြူဖြူခိုင်က ပြောသည်။

လူမှုရေးပင်စင် လျှောက်ထားရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတို့ဖြင့်
လျှောက်ထားရမည်ဖြစ်ပြီး အသက် ၉ဝ နှင့်အထက်ရှိသည့် သက်ကြီးဘိုးဘွားများကို
ယခုဘဏ္ဍာနှစ်မှ စတင်ကာ တစ်လလျှင် ကျပ် ၁ဝ,ဝဝဝနှုန်းဖြင့် ထောက်ပံ့ပေးမည်ဖြစ်သည်။

ယခင်နှစ်က အသက် ၉ဝ နှစ်အထက်ဘိုးဘွားများကို ထောက်ပံ့ကြေးပေးရာတွင်
အသက် ၉ဝ နှစ်အထက်မှ ၁ဝဝ နှစ်ကြားကိုတစ်နှစ်လျှင် ကျပ် ၁၅,ဝဝဝ နှင့် အသက်
၁ဝဝအထက် ဘိုးဘွားများကို တစ်နှစ်လျှင် ကျပ်၂ဝ,ဝဝဝ နှုန်းဖြင့်သာ ထောက်ပံ့ပေး
ခဲ့သော်လည်း ယခုအခါတွင် တစ်လ ကျပ် ၁ဝ,ဝဝဝနှုန်းအထိ တိုးမြှင့်ပေးလာခြင်း ဖြစ်သည်။

အဆိုပါ လူမှုရေးပင်စင်မှာ ယခု ဧပြီလမှစတင် အကျုံးဝင်မည်ဖြစ်သော်လည်းထောက်ပံ့
ကြေးများကို သုံးလတစ်ကြိမ်ပေးအပ်သွားမည်ဖြစ်သည့်အတွက် လူမှုရေးပင်စင်စာရင်းတွင်
အကျုံးဝင်သည့် ဘိုးဘွားများအနေဖြင့် ဇွန်လတွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း
ဒေါ်ဖြူဖြူခိုင်က ပြောသည်။

သက်ကြီးရွယ်အို ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ပြီးခဲ့သည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်က
စတင်ခဲ့ပြီး အဆိုပါအချိန်က မန္တလေးတိုင်းအတွင်း၌ အသက် ၉ဝ နှစ်နှင့်အသက်
၁ဝဝကြားရှိသည့် အဘိုး ၉ဝ၁ ဦး၊အဘွား ၂,၄၈၈ ဦးနှင့် အသက် ၁ဝဝ အထက်ရှိသည့်
အဘိုး ၃၄ ဦးနှင့် အဘွား ၁၂၉ဦး ရှိကြောင်း မန္တလေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာန
စာရင်းများအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး