ရာသီဥတုကြောင့် ယခုနှစ်သရက်သီးအထွက်နှုန်း ကျဆင်း

ရာသီဥတုကြောင့် ယခုနှစ်သရက်သီးအထွက်နှုန်း ကျဆင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သရက်သီးခြံများတွင် ရာသီဥတုပြောင်းလဲမှုကြောင့်
သရက်သီးအထွက်နှုန်း ကျဆင်းလျက်ရှိကြောင်း တောင်သူများနှင့် သရက်လုပ်ငန်း
ရှင်များက ပြောသည်။

''ဒီနှစ်သရက်သီးက တော်တော်ကိုပါးတယ်။ တပို့တွဲလလောက်တုန်းက တိုက်လိုက်တဲ့
လေနဲ့မိုးက သိပ်မကြိုက်ဘူးလေ။အဲဒါက သရက်ဖျက်တဲ့မိုးပေါ့'' ဟု ပုသိမ်ကြီးမြို့နယ်၊
မြို့တောကျေးရွာမှ သရက်တောင်သူဦးစိုးလှိုင်က ပြောသည်။

သရက်သီးအထွက်နှုန်းမှာ လွန်ခဲ့သောနှစ်နှစ်ခန့်မှ စတင် ကျဆင်းနေပြီး ယခုနှစ်တွင်
ယခင်နှစ်များထက် ပိုကျဆင်းသွားကြောင်း မန္တလေးတိုင်းဒေသကြီး သရက်စုဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

''ပထမတစ်နှစ်ထက် နောက်တစ်နှစ် အထွက်နှုန်းကျတယ်။ နောက်တစ်နှစ်
ထပ်ကျတယ်။ ဒီနှစ်ပိုဆိုးတယ်။ ခါတိုင်းနှစ်က မိုးသီးကျတယ်ဆိုတာ စိန်တစ်လုံး
တစ်မျိုးတည်း(အထွက်နှုန်း)ကျတာ။ အခုကျတော့ ရွှေဟင်္သာရော၊ ရင်ကွဲရော
ကောင်းကောင်းကို မသီးဘူးဖြစ်နေတယ်''ဟု ၄င်းက ပြောသည်။

ယခုနှစ်တွင် သရက်သီးစျေးကောင်းနိုင်သော်လည်း အရည်အသွေးမမီသည့်
သရက်သီးများလည်း များနိုင်သည့်အတွက် တောင်သူများအတွက် ဝင်ငွေမှာ
မျှခြေပြန်ဖြစ်သွားနိုင်သည်ဟု ၄င်းက ပြောသည်။

''တချို့ သရက်သမားတွေက လေေြ<ွကမှာကြောက်လို့ အသီးတွေကို (မမှည့်ခင်)
ခူးရောင်းတယ်။ အကြမ်းသီးတွေကို ခူးရောင်းတာ ငါးပင်လောက်ကို ရှစ်သိန်း၊ ကိုးသိန်း
လောက် ရတယ်။ တစ်ပင်ကို တစ်သိန်းကျော်လောက်ရတယ်''ဟု ၄င်းက ပြောသည်။

သရက်သီးကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ယမန်နှစ်က ၁ဝ ကီလို
ပလတ်စတစ်ခြင်း တစ်ခြင်းလျှင် ယွမ် ၁၅ဝ ရရှိသော်လည်း ယခုနှစ်တွင် အသီးမလှ
သည့်အတွက် ယွမ် ၁၄ဝ သာ ရရှိကြောင်း တောင်သူဦးစိုးလှိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် သရက်သီးကိုပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊
တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တို့၌ အဓိက စိုက်ပျိုးပြီး
စိုက်ဧကပေါင်း၂၂,၈၂၉ ဧက ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး