ထောင်ဒဏ်ချမှတ်ခံရသည့် တောင်သူများ အယူခံဝင်မည်

ထောင်ဒဏ်ချမှတ်ခံရသည့် တောင်သူများ အယူခံဝင်မည်

ထွန်တုံးတိုက်ပွဲဝင်သဖြင့် နောင်ချိုမြို့နယ်တရားရုံးတွင် ဧပြီ ၂၄ ရက်က ထောင်ဒဏ် 
၁၆ လ ချမှတ်ခံခဲ့ရသည့် တောင်သူ ၁ဝ ဦးသည် ကျောက်မဲခရိုင်တရားရုံးတွင် အယူခံ
ဝင်သွားမည်ဖြစ်ကြောင်း တောင်သူအရေးလှုပ်ရှားသူ ဦးမျိုးဝင်းက ပြောသည်။

၂ဝဝ၃ ခုနှစ်က နန့်လင်းခန်းကျေးရွာရှိ မြေဧက ၃၆၄ ဧကကို နိုင်ငံတော် ကော်ဖီစီမံကိန်း
အတွက်ဟုဆိုကာ သိမ်းယူခဲ့သော်လည်းမအောင်မြင်သဖြင့် စီမံကိန်းကို ရပ်နားခဲ့ကြောင်း၊
၂ဝ၁၄ ခုနှစ်တွင် မူလပိုင်ရှင် တောင်သူများက ထွန်တုံးတိုက်ပွဲဝင်ခဲ့ရာ တောင်သူ၁ဝ ဦးကို
အဆိုပါနှစ် ဒီဇင်ဘာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကော်ဖီသီးနှံဌာနက ပုဒ်မ၄၄၇၊ ပုဒ်မ
၄၂၇၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၅ဝ၆ တို့ဖြင့် နောင်ချိုမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

နောင်ချိုမြို့နယ်တရားရုံးတွင် ရုံးချိန်းပေါင်း ၅၇ ချိန်း စစ်ဆေးခဲ့ပြီး အဆိုပါတောင်သူ ၁ဝ ဦးကို
မြို့နယ် ဒုတိယ တရားသူကြီးက စစ်ဆေးတွေ့ရှိချက်အရ အပြစ်ရှိသည်ဟုဆိုကာ
ထောင်ဒဏ်၁၆ လ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။

''တောင်သူ ၁ဝ ဦးကို ချမှတ်လိုက်တဲ့ ၁၆ လ ဆိုတာကလည်း ပုဒ်မတိုင်း၊ ပုဒ်မတိုင်းမှာ
အမြင့်ဆုံး ပြစ်ဒဏ်ပေးချလိုက်တာပဲ။ အဲဒီအတွက်ကို ခရိုင်မှာ အယူခံပြန်တက်မယ်။
တရားရုံးက အမှုတွဲရယ်၊ စီရင်ချက်အမိန့်ရယ်၊ နေ့စဉ်မှတ်တမ်းရယ်ရပြီဆိုရင် အယူခံ
စာရေးပြီးတော့ ကျောက်မဲကို တက်မယ်''ဟု ¤င်းက ပြောသည်။ ကျောက်မဲခရိုင်
တရားရုံးတွင် အယူခံတက်ခြင်းအပြင် နောင်ချိုမြို့ပေါ်တွင်လည်း ဆန္ဒထုတ်ဖော်မည်ဟု
၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး