မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးရုံးခန်းရှိ မီးခံသေတ္တာ အလုံးလိုက်အခိုးခံရ

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးရုံးခန်းရှိ မီးခံသေတ္တာ အလုံးလိုက်အခိုးခံရ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးရုံးခန်းတွင်
မီးခံသေတ္တာ အလုံးလိုက်အခိုးခံရမှုဖြစ်ပွားခဲ့သည်။

စီစီတီဗွီမှတ်တမ်းများအရ ယခုလ ၂၀ ရက်နေ့၊ ည ၃ နာရီဝန်းကျင်ခန့်တွင် မီးခံသေတ္တာ
အလုံးလိုက်ခိုးယူခံရခြင်းဖြစ်ကြောင်း၊ မီးခံသေတ္တာအခိုးခံရခြင်းကို ယခုလ ၂၄ ရက်နေ့တွင်
စတင်သိရှိခြင်းဖြစ်ကာ လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) မှ စစ်ဆေးမှုများ
ဆောင်ရွက် လျက်ရှိပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ
၀န်ကြီး ဦးစိုင်းကျော်ဇော ကယခုလ ၂၅ ရက်နေ့တွင်ပြောသည်။

"ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးအနေနဲ့ မီးခံသေတ္တာထားတယ်ဆိုတာက ကိုင်ပိုင်ငွေလေးတွေ
ထည့်ထားဖို့အတွက်ပါပဲ။ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ ဘာစာရွက်၊ စာတမ်းကိုမှတော့
ထည့်မထားပါဘူး။ အစိုးရအဖွဲ့ရဲ့ ငွေကြေးတွေကိုလည်း ထည့်မထားပါဘူး။
အခုလောလောဆယ်တော့ ပါသွားတဲ့ ပစ္စည်းစာရင်းကိုတော့ သေချာလေးစစ်ဆေးရပါဦးမယ်။
အမှုလည်းဖွင့်မထားသေးပါဘူး။ အစိုးရငွေကြေးပါတယ်ဆိုရင်တော့ အမှုဖွင့်ရမှာပေါ့။ ဒါပေမယ့်
ကျွန်တော်ကိုယ်ပိုင်ငွေလေးတွေပဲ ပါသွားတာဆိုတော့ အမှုတော့မဖွင့်ရသေးပါဘူး။
ဘယ်လိုလူလုပ်တယ်ဆိုတာကတော့ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးသွားပါလိမ့်မယ်"ဟု
ဦးစိုင်းကျော်ဇောကပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အတွင်း၊ အပြင် လုံခြံုရေးကို ရဲတပ်ဖွဲ့ကတာဝန်ယူရခြင်းဖြစ်ကာ
လုံခြံုရေးအတွက် နေရာတိုင်းတွင် စီစီတီဗွီကင်မရာ များတပ်ဆင်ထားသည်။ သို့သော် ပြစ်မှု
ကျူးလွန်သူ များသည် အစိုးရအဖွဲ့ရုံးတွင် တပ်ဆင်ထားသော စီစီတီဗွီကင်မရာများအား အောက်မှ
၀ါးလုံးရှည်ဖြင့် မိုးပေါ်သို့ထောင်ထားပြီး ပြစ်မှုကျူးလွန် သွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တပ်ဆင်ထားသည့် စီစီတီဗွီကင်မရာများ
အနက် ပြုပြင်ရန်လိုအပ်နေသည့် ကင်မရာများကို ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း၊ တိုင်း
အစိုးရအဖွဲ့ရုံးသို့ ၀င်ရောက်ရန်အတွက် စမတ်ကဒ်များပြုလုပ်ပေးမည်ဖြစ်ကာ ယင်းကဒ်များဖြင့်သာ
အဝင်အထွက်ပြုလုပ်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။ အစိုးရအသစ်
တက်လာပြီးနောက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယခင်ကလည်း
၀န်ကြီးရုံးခန်းများတွင် ပစ္စည်းပျောက်ဆုံးမှုများရှိခဲ့ပြီး ယခုနှစ်အစောပိုင်းက အစိုးရအဖွဲ့ရုံးနှင့်
ကပ်လျက်ရှိသော တိုင်းဒေသကြီးအထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ရုံးခန်းတွင် သော့များကို ဖျက်၍
လက်ကိုင်ဖုန်းများ ခိုးယူခဲ့သည့် အမှုဖြစ်ပွားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး