လက်ပန်တောင်းတောင် ကြေးနီစီမံ ကိန်းအနီးရှိ သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ရက်နေ့
က အင်အား သုံး ဖြိုခွင်းခဲ့ရာ၌ သံဃာတော် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုနှင့် စပ်လျဉ်း
ပြီး မြို့ကြီးအချို့တွင် ကျောင်းတိုက်ပေါင်းစုံမှ သံဃာတော်များက စုပေါင်းဆန္ဒ ဖော်ထုတ်
ခဲ့ကြသည်။
အဆိုပါနေ့ မနက် ၃ နာရီက မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း လက်ပန်တောင်းတောင်
အရေးနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်သူများ ရှိနေသော သပိတ်စခန်းများကို ဖြိုခွင်း ခဲ့မှု
ကြောင့် သံဃာတော်အပါး ၁၀၀ ခန့်နှင့် လူအချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။
၎င်းတွင် ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ တောင်ကြီး၊ မြင်းခြံ စသည့်မြို့များရှိ ကျောင်းတိုက်
ပေါင်းစုံမှ သံဃာတော်များက ဖြစ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ယခုလပထမပတ်
အတွင်း ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့သည်။
မန္တလေးမြို့တွင် သံဃာတော်များက အိမ်တော်ရာဘုရားဝင်းအတွင်း၌ နိုဝင်ဘာလ ၃၀ ရက်၊
ဒီဇင်ဘာ ၆ ရက်၊ ၈ ရက်နေ့များတွင် ထိုင်သပိတ်များ ဆက် လက်ပြုလုပ်ခဲ့ကာ ၎င်းတို့
တောင်းဆို ချက်များကို မရရှိပါက လမ်းပေါ်အထိ ထွက်ကာ ဆက်လက်ဆန္ဒဖော်ထုတ်
သွားမည်ဖြစ်ကြောင်း မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဆရာတော်ဦးသောဘိ တက ဒီဇင်ဘာ
၆ ရက်၌ ကျင်းပခဲ့ သော ဆန္ဒဖော်ထုတ်ပွဲ၌ပြောသည်။
"လူထုကို လှည့်ပတ်တဲ့ လုပ်ရပ်တွေ ကို မလိုလားပါဘူး။ ဒါကြောင့် ထိခိုက်ခံစားခဲ့ရသူတွေကို
တောင်းပန်ဖို့ ပြောရခြင်းဖြစ်ပါတယ်"ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။
အိမ်တော်ရာ ဘုရားဝင်းအတွင်း ဆက်ကာကျင်းပခဲ့သော ဆန္ဒထုတ်ဖော် ပွဲများတွင် နိုင်ငံတော်
သမ္မတနှင့် အစိုးရ အဖွဲ့က ထိခိုက်ဒဏ်ရာရ သံဃာတော် များကို အမြန်ဆုံး လာရောက်ဝန်ချ
တောင်းပန်ရန်၊ အကြမ်းဖက် နှိမ်နင်းမှု တွင် တာဝန်ရှိသောသူများအား ထိရောက်စွာ အရေးယူ
ပေးရန်၊ ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ရန်၊ ကြေးနီ
စီမံကိန်းကို ဒေသခံများနှင့်ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်၊ ဒီမို
ကရေစီ အစိုးရအစစ်တစ်ရပ် ပေါ်ပေါက်လာရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်ဋ္ဌ
မှုမျိုး မပေါ်ပေါက်စေရန် ဆောင်ရွက်ပေးရေးတို့ ပါ၀င်သည်။
















