စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တာဝန်ထမ်းဆောင်နေသော
သစ်တောဝန်ထမ်း၂ဝ ကို ယခုလ ရ ရက်မှစတင်ကာ လက်နက်များ ပြန်လည်ကိုင်ဆောင်ခွင့်ပြု
ထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုင်းပြီးပါက ပိုမိုကောင်းမွန်သော လက်နက်များ
ပြောင်းလဲတပ်ဆင်ပေးမည်ဟု အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။

အလောင်းတောင်ကဿပ အမျိုးသားဥယျာဉ်တွင် သားရိုင်းတိရစ္ဆာန်များ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့်
သစ်ခိုးထုတ်ခံရမှုများ ရင်ဆိုင်နေရပြီး ပိတောက်သစ်များ အများဆုံးခိုးထုတ်ခံရသည်ဟု
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
''လက်နက်မရှိတော့ ဝန်ထမ်းတွေကို သစ်ခိုးထုတ်သူတွေက ဂရုမစိုက်တော့ဘူး'' ဟု ၄င်းက
ပြောသည်။
တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးတွင် တာဝန်ထမ်းထောင်နေသော သစ်တောဝန်ထမ်းများ
လက်နက်ကိုင်ဆောင်ခွင့်ကို၁၉၈၈ ခုနှစ်တွင် ရုပ်သိမ်းခဲ့ပြီး အလောင်းတော်ကဿပ
အမျိုးသားဥယျာဉ်ရှိ သစ်တောဝန်ထမ်းများသည် ၁၉၉၄ တွင် လက်နက်ကိုင်ဆောင်ခွင့်
ရရှိခဲ့သည်။
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်သည် ဧကပေါင်း သုံးသိန်းလေးသောင်းကျော်ကျယ်ဝန်းပြီး
ဇီဝမျိုးကွဲများ ကြွယ်ဝမှုကြောင့် ၂ဝ၁၃ ခုနှစ်တွင်အာဆီယံ အမျိုးသားအမွေအနှစ်ဥယျာဉ်အဖြစ်
သတ်မှတ်ခြင်း ခံခဲ့ရသည်။