မကွေးမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖေါ်ထုတ်သူ ဆေးကျောင်းသားအား တရားရုံးမှ ဒဏ်ငွေ သုံးသောင်းချ

မကွေးမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖေါ်ထုတ်သူ ဆေးကျောင်းသားအား တရားရုံးမှ ဒဏ်ငွေ သုံးသောင်းချ

မကွေးမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြည်တွင်းစစ်ရပ်ဆဲရန် ဆန္ဒဖော်ထုတ်သူ ဆေးကျောင်းသားအား
ယခုလ ၂ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးမှ ဒဏ်ငွေသုံးသောင်း(သို့မဟုတ်)ထောင်ဒဏ်
တစ်ဆယ့်ငါးရက် ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

ယခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မကွေးမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖေါ်ထုတ်နေစဉ် မကွေးမြို့နယ်
အုပ်ချုပ်ရေးမှုး၊ မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် စခန်းမှူးတို ့ဦးဆောင်၍ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး
ဆန္ဒဖော်ထုတ်သူအား အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်သူ ကိုဉာဏ်မျိုးအောင်က “ပြည်တွင်းစစ်ချက်ခြင်းရပ်၊ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ”
ဆိုသည့် စာတန်းများပါရှိသည့် စာရွက်အားကိုင်ဆောင်၍ ငြိမ်းချမ်းစွာမတ်တပ်ရပ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း
ဖြစ်သည်။

တရားရုံးတွင် ၂ လကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် တရားရုံးမှ ယခုကဲ့သို့ စီရင်ချက်
ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံး၏ အမိန့်ချမှတ်မှုအား ကိုဉာဏ်မျိုးအောင်က ဒဏ်ငွေ သုံးသောင်း ပေးဆောင်ခဲ့သည်။

“ဒါဏ်ငွေကတော့ ဆောင်လိုက်တယ်၊ ဒါပေမယ့် ဒဏ်ငွေဆောင်တဲ့အပေါ်မှာလည်း
သိပ်တော့ သဘောမကျဘူး၊ အခုကနိုင်ငံသားအခွင့်အရေးဖြစ်တဲ့ အခြေခံလူ့အခွင့်အရေး
ထုတ်ဖော်တာကိုပဲ အစိုးရကနေ ကန့်သတ်တယ်၊ တရားရုံးတွေ တင်တယ်၊ တောက်လျှောက်
တရားရုံးသွားရတယ်။ နောက် ဒီအပေါ်မှာလည်း အပြစ်ရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်ပြီးတော့မှ
ငွေဒဏ်ချလိုက်တယ်၊ နိုင်ငံသား အခွင့်အရေးဆိုတာ ဒီမိုကရေစီပျိုးနေတဲ့ စနစ်မှာ အခြေခံရှိရမယ့်
အချက်တွေကို အစိုးရကငွေကြေး စိုက်ထုတ်ပြီးတော့ သုံးစရာလည်းမလိုဘူး အစိုးရကနေရော့အင့်လို့
ပေးရတာလဲမဟုတ်ဘူး၊ ခွင့်ပြုထားလိုက်ရုံပဲ။ နိုင်ငံသားတွေသူ့ဟာ သူလွတ်လွတ်လပ်လပ် လုပ်ပါစေ၊
အဲဒီအခြေခံအချက်တောင် မပြည့်မီပဲမဆလ ဆိုင်းဘုတ်ပဲတပ်တပ်၊ စစ်အာဏာရှင်ဆိုင်းဘုတ်ပဲ
တပ်တပ်၊ ဒီမိုကရေစီဆိုင်းဘုတ်ပဲတပ်တပ်၊ ဘယ်လိုပဲတပ်နေပါစေ။ ဘူတာကတော့ စစ်အာဏာရှင်
ဘူတာကနေ မရွေ့သေးဘူး”ဟုပြောသည်။

ဆေးတက္ကသိုလ်ဝင်ခွင့်၏ နောက်ဆုံးစာမျက်နှာများတွင် ကျောင်းသားများအနေဖြင့် နိုင်ငံရေးနှင့်
ပတ်သက်သည့် လှုပ်ရှားမှုများတွင် မပါ၀င်ရန် ဝေဝါးသည့် စည်းကမ်းသတ်မှတ်ချက်များ ထည့်သွင်းထားပြီး ကျောင်းသားသည်လည်း နိုင်ငံသားဖြစ်သည့်အတွက် နိုင်ငံ၏ အရေးအား
ဆောင်ရွက်သင့်သည်ဟု မကွေးဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ် အပိုင်း(ခ)တက်ရောက်နေသူ
ကိုဉာဏ်မျိုးအောင်က ဆိုသည်။

“လောလောဆယ်တော့ ကျောင်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဘာမှအရေးမယူပါဘူး၊ ဒါပေမယ့်
ကျောင်းမှာရှိတဲ့ စည်းကမ်းချက်တွေကလည်းခေတ်နဲ့ မညီတော့ဘူး။ ဖျက်သင့်နေပြီ”ဟု
ကိုဉာဏ်မျိုးအောင်က သုံးသပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး