ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒီဇင်ဘာ ၃၁ ရက်နေ့အပြီး ရွေးချယ်မည်

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒီဇင်ဘာ ၃၁ ရက်နေ့အပြီး ရွေးချယ်မည်

မန္တလေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ် နှင့် မြို့နယ်ခွဲများရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ
အား ဒီဇင်ဘာ ၃၁ ရက်နေ့အပြီး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေနှင့် အညီ သတ်မှတ်အရည်
အချင်းများနှင့် တိုက်ဆိုင်စိစစ် ရွေးချယ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်ရာတွင်လည်း နိုင်ငံတော်နှင့်
ရပ်ရွာဒေသ၏အကျိုးကို စေတနာ ထက်သန်စွာ တာဝန်ထမ်းဆောင်လို သည့် ဆန္ဒရှိသူဖြစ်ရန်
လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြောင်း နိုင်ငံပိုင်
သတင်းစာများ၌ ဖော်ပြထားသည်။

"ခရိုင်အတွင်းမှာ ရပ်ကွက် ၉၇၊ ကျေးရွာ ၁၀၀ ရှိတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့အပြီး ရွေးသွား
မှာပါ။ ဒီဇင်ဘာ ရ ရက်နေ့ကစပြီး ရပ်ကွက်တွေမှာ ကြီး ကြပ်ရေးအဖွဲ့ငါးဦးကို မြို့နယ်က
သတ်မှတ်ပေးထားတယ်။ အဲဒီငါးဦးက စီစစ်ပြီး အုပ်ချုပ်ရေးမှူးကို ရွေးချယ် ပေးသွားမှာပါ"ဟု
ခရိုင်မှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြော သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေး ချယ်ရာတွင် ကြီးကြပ်ရေးမှူးငါးဦးက စီစစ် ရွေးချယ်ထားသော
ရပ်ကွက် အုပ်ချုပ်ရေးမှူးအား သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများက အတည်ပြုခန့်အပ်သွား
မည်ဖြစ်သည်။

"အခုရွေးမယ်ဆိုရင် အသက်ကြီး တာငယ်တာထက်၊ အမှန်တကယ် ရပ်ကွက်အတွက် အလုပ်
လုပ်နိုင်တဲ့ သူကိုရွေးတာ အကောင်းဆုံးပါပဲ။ အရင် ရွေးခဲ့တာတွေက အားနာပါးနာနဲ့  အရင်
လုပ်ခဲ့တဲ့သူတွေကိုပဲ ရွေးခဲ့ကြတာ။မဲပေးတဲ့ သူတွေကလည်း အားနာစရာ မလိုဘူး"ဟု
အောင်မြေသာစံမြို့နယ် တွင် နေထိုင်သူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး