ပဲစင်းငုံနှင့် မတ်ပဲများ အိန္ဒိယအဝယ် ရပ်တန့်နေ၍ စျေးနှုန်းများ တစ်ရက်ထက် တစ်ရက်ကျ
ဆင်းလာကြောင်း ဆီထွက်သီးနှံ အရောင်းအဝယ်ပြုလုပ်သူများက မေ ၁ ရက်က ပြောသည်။
သင်္ကြန်မတိုင်မီက ပဲစင်းငုံစျေးသည် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၆၈,ဝဝဝ စျေး
ရှိသော်လည်း မေ ၁ ရက်တွင် ကျပ် ၅၆,ဝဝဝ အထိ ကျဆင်းလာကြောင်း၊ မတ်ပဲသုံးတင်းဝင်
တစ်အိတ်လျှင် ယခင် ကျပ် ၁ဝ၅,ဝဝဝ မှ ယခုလတွင် ကျပ် ၈၈,ဝဝဝ အထိကျဆင်းလာကြောင်း
စိုးဝင်းမြင့် ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောသည်။
''သင်္ကြန်ပြီးနောက်ပိုင်း ထူးထူးခြားခြားစျေးကျသွားတာပါ။ ဒီပဲတွေက အိန္ဒိယကအဝယ်
များတယ်။ အခုတော့ အဝယ်လုံးဝ ရပ်တန့်သွားတယ်။ အဝယ်ရပ်တန့်လို့ စျေးတွေလည်း
ကျဆင်းသွားတာပါ''ဟု ¤င်းက ဆိုသည်။
ပဲစင်းငုံနှင့် မတ်ပဲစျေး ကျဆင်းနေသော်လည်း တခြားပဲများ စျေးနှုန်းအပြောင်းအလဲ
ထူးထူးခြားခြားမရှိကြောင်း၊ အရောင်းအဝယ်များလည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊
တရုတ်ဘက်ကလည်း အရောင်းအဝယ် ပုံမှန်သာရရှိကြောင်း ဦးစိုးဝင်းမြင့်က ပြောသည်။
''တခြားပဲစျေးတွေကတော့ အပြောင်းအလဲ ထူးထူးခြားခြားမရှိပါဘူး။ အရောင်းအဝယ်
ကလည်း ပုံမှန်တော့ ဖြစ်နေတယ်။သင်္ကြန်မတိုင်ခင်လောက်တော့ အရောင်းအဝယ်
အများကြီး မဖြစ်ဘူး။ အိန္ဒိယက အဝယ်ရပ်နေလို့ အခုလို ဖြစ်နေတာပါ'' ဟု ၄င်းက ပြောသည်။
ပဲစင်းငုံနှင့် မတ်ပဲစျေးနှုန်းများ ကျဆင်းနေသဖြင့် အချို့ကုန်သည်များသည် အရောင်းအဝယ်
ပြုလုပ်ခြင်းမရှိဘဲ သိုလှောင်၍ထားကြောင်း၊ အိန္ဒိယက အဝယ်ပြန်လည်လိုက်လျှင်
စျေးနှုန်းများ ပြန်လည်တက်နိုင်ကြောင်း မြသဇင်ပွဲရုံနှင့် ဆီစက်မှ ဦးကြည်မောင်က
ပြောသည်။
''စျေးကျလာတာ ၁ဝ ရက်ကျော်လောက်တော့ ရှိပါပြီ။ ဒီပဲတွေက အိန္ဒိယဘက် အစား
တော့များပါတယ်။ ပြန်လည်ပြီးစျေးတက်မှာပါ။ တရုတ်ဝယ်တဲ့ ပဲတွေကတော့ ပုံမှန်ပါပဲ။
စျေးနှုန်းလည်း အပြောင်းအလဲ သိပ်မရှိပါဘူး'' ဟု ၄င်းက ပြောသည်။ ပဲစင်းငုံနှင့်
မတ်ပဲများသည် ဇန်နဝါရီလဆန်းတွင် သီးနှံထွက်ပြီး တစ်နှစ်တွင် တစ်ခါသာပေါ်သည့်
တစ်သီးစားသီးနှံများဖြစ်ကြောင်း ¤င်းတို့က ပြောသည်။
















