ငါးမိနစ်စကားစမြည်

ငါးမိနစ်စကားစမြည်

ဒီတစ်ပတ်မှာ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက
ရွှေရောင်းဝယ်မှုအပေါ် အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ 
အခြေအနေတွေကို ငါးမိနစ် စကားစမြည် ကဏ္ဍမှာ ပြောကြားပေးထားပါတယ်။

ရွှေက ထုတ်လုပ်စဉ်ကတည်းက တခြားအခွန်အခတွေ ပေးဆောင်ပြီးမှ ထုတ်လုပ်တာ
ဖြစ်ပါတယ်။ မီးလင်းရွှေ (အခေါက်ရွှေ) ကိုငါးရာခိုင်နှုန်း ကောက်ခံဖို့ လွှတ်တော်မှာ
အတည်ပြုခဲ့တာလို့ သိရပါတယ်။

အခွန်တွေအများကြီး ရပေမဲ့ ရွှေလုပ်ငန်းအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဘယ်ရွှေ
ဆိုင်ကမှ  အရှုံးခံ မရောင်းချနိုင်ပါဘူး။ အရှုံးမခံ မရောင်းချနိုင်လို့ ရွှေဆိုင်တွေ ပိတ်သိမ်း
ခဲ့ရရင် ရွှေပန်းထိမ်၊ ဝန်ထမ်းတွေ အလုပ်အကိုင် ဆုံးရှုံးနိုင်ပါတယ်။

ရွှေတစ်ကျပ်သားအထည်ကို တစ်ရာခိုင်နှုန်း အခွန်ဆောင်ရမှာပါ။ အဲဒါက အလျော့တွက်
လက်ခမပါသေးပါဘူး။ ရွှေမီးလင်း တစ်ကျပ်သား ဝယ်ရင် အခွန်က  ငါးရာခိုင်နှုန်းဆောင်
ရမှာဖြစ်တဲ့အတွက် အခွန်က ကျပ် ၄၅,ဝဝဝ ဖြစ်ပါတယ်။ ရွှေလက်ဝတ်ရတနာ ပြန်လုပ်
ဖို့အတွက် ရွှေမီးလင်း တစ်ပိဿာ ဝယ်ရမယ်ဆိုရင်  ကျပ်သိန်းပေါင်း ၄ဝ ကျော် အရှုံးနဲ့
ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်နှစ်မှာ သိန်းသောင်းချီ ကျသင့်မှာဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်မယ်ဆိုရင်တော့ အခွန်မဆောင်နိုင်တော့တဲ့အတွက် မှောင်ခိုလုပ်ငန်း
တွေဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ထိုက်သင့်သလောက် အခွန်လည်း ရတော့မှာ မဟုတ်ပါဘူး။
သာမန်ဝယ်ယူတွေအပေါ် ဝန်ထုပ် ဝန်ပိုးလည်း ဖြစ်စေနိုင်ပါတယ်။ ပြည်တွင်းအခွန်ဦးစီးဌာန
အနေနဲ့ တခြား နေရာတွေမှာ အခွန်တွေ အများကြီး ရှာလို့ရပေမဲ့ တစ်ခါလာလည်းရွှေ၊
တစ်ခါလာလည်း ရွှေဆိုပြီးတော့ ဖြစ်နေတာပါ။

အခုလက်ရှိမှာ ပွင့်လင်းမြင်သာတဲ့အရပ်သားအစိုးရ ဖြစ်တဲ့အတွက် အောက်ခြေအထိ
ဆင်းကြည့် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ထမင်းနပ်မှန်အောင် ကြိုးစားဆောင်ရွက်
နေကြရတဲ့ ပြည်သူတွေကို အခွန်ပိနေတာ မြင်နေရပါတယ်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး