သက်ငယ်မုဒိမ်းမှုနှင့် လမ်းပေါ်နေကလေးများနှင့် သက်ဆိုင်သော တိုင်းအဆင့်ဆွေးနွေးပွဲ ပြုလုပ်မည်

သက်ငယ်မုဒိမ်းမှုနှင့် လမ်းပေါ်နေကလေးများနှင့် သက်ဆိုင်သော တိုင်းအဆင့်ဆွေးနွေးပွဲ ပြုလုပ်မည်

သက်ငယ်မုဒိမ်း၊ လမ်းပေါ်နေကလေးများနှင့်ကလေးသူငယ် အခွင့်အရေးများနှင့် 
သက်ဆိုင်သော ဌာနပေါင်းစုံ ပါဝင်မည့် တိုင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယခုလ
အတွင်း ပြုလုပ်သွားရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန 
ဦးစီးအရာရှိ ဒေါ်နန်းမောက်ဆိုင်းက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနက လမ်းပေါ်နေကလေးများ ပပျောက်ရေးအတွက် စီမံချက်ချ
လုပ်ဆောင်နေရာ အခက်အခဲများ တွေ့နေရပြီး မျှော်မှန်းသလောက် အောင်မြင်မှုမရသေး
သော်လည်း လာမည့်အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ကျန်ရှိနေသော အဆင့်များကို
ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်နန်းမောက်ဆိုင်းက မေ
၂ ရက်တွင် ပြောသည်။

''လမ်းပေါ်နေကလေး ပပျောက်ရေးအတွက် ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ပထမအဆင့်
အနေနဲ့ လုပ်ဆောင်ခဲ့တာမှာ ပြောသလောက် ခရီးမပေါက်ခဲ့သေးပါဘူး။ အဲဒီကာလမှာ
ကွင်းဆင်းပညာပေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှု၊ ဌာနဆိုင်ရာ
တွေရဲ့ ပူးပေါင်းမှုတွေမရဘဲ အားနည်းချက်တွေ ရှိနေဆဲပါ။ ကျွန်မအနေနဲ့ ဒီလုပ်ငန်း
စဉ်တွေထဲမှာ လူငယ်တွေ၊ ပရဟိတအဖွဲ့တွေရဲ့ ပူးပေါင်းမှုရရင် ပိုကောင်းလာနိုင်လို့
ဖိတ်ခေါ်ချင်ပါတယ်''ဟု ဒေါ်နန်းမောက်ဆိုင်းက ပြောသည်။

သင်္ကြန်မတိုင်မီက လမ်းပေါ်နေကလေးငယ်များ၊ တောင်းရမ်း စားသောက်သူများမှာ
ခေတ္တပပျောက်သွားသော်လည်း ယခုအခါ ပြန်လည်တွေ့မြင်လာရကြောင်း၊ ၄င်းတို့ကို
အမြဲတစေ ရှင်းလင်းဆောင်ရွက်ရန် လိုအပ်နေပြီး နယ်မြေခံ ရဲ၊ ရပ်ကွက်တာဝန်ရှိသူများ
ကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေါ်နန်းမောက်ဆိုင်းက ပြောသည်။

စည်ပင်သာယာ သန့်ရှင်းရေးဌာနက ဦးစိုးတင့်အောင်က လမ်းပေါ်နေသူများ ပပျောက်ရေး
အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြတ်ပြတ်သားသား အမိန့်ထုတ်ပြန်ရန်နှင့်စီမံချက်ဖြင့်
အရေးယူရန်လိုအပ်ကြောင်း ပြောသည်။

''လမ်းပေါ်နေ ကလေးတွေထဲမှာ ကော်ရှူတာမျိုးကို စည်ပင်အနေနဲ့ အရေးယူလို့မရဘဲ ရဲနဲ့
သက်ဆိုင်နေပါတယ်။ တောင်းရမ်းပြီး ကော်ရှူ မူးယစ်တာမျိုးကနေ လုတာ ယက်တာအထိ
ဖြစ်လာနိုင်ပါတယ်။ ဖမ်းပြီး သက်ဆိုင်ရာကိုပို့လည်း နောက်တစ်နေ့ လမ်းပေါ် ပြန်ရောက်
နေတော့ သူတို့ကို အာမခံမပေးဖို့ကောင်းနေပြီ။ သက်ကြီးရွယ်အိုတွေကို ဖမ်းတဲ့အခါ
သူတို့မှာ အိမ်ရှိတယ်လည်း ပြောကြတယ်။ သူတို့က ဝင်ငွေကောင်းတယ်။ ဖမ်းတာကို
မြင်ရင်လည်း လူတွေက ကျွန်တော်တို့ကို တော်တော်မုန်းကြတယ်။ တောင်းရမ်းနေ
သူတွေထဲမှာ ခြေလက် အင်္ဂါမကောင်းတာတွေ၊သက်ကြီးရွယ်အိုတွေပါတော့ သူတို့ကို
လက်ခံနိုင်မယ့် နေရာမျိုးလည်း လိုအပ်နေပါတယ်'' ဟု ဦးစိုးတင့်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး